CNI Sport News

၂၀၂၄ ခုနှစ်၊ မတ်လ ၂၆

လာဘ်ပေးလာဘ်ယူမှုနဲ့ တရုတ်အာဏာပိုင်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ တောင်ကိုရီးယားလက်ရွေးစင် ဆွန်ဂျွန်ဟိုဟာ လွတ်မြောက်ပြီး အိမ်ပြန်သွားပြီလို့ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။

ဆွန်ဂျွန်ဟိုဟာ ပြီးခဲ့တဲ့နှစ် မေလက တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းမှာ လာဘ်ပေးလာဘ်ယူမှုသံသယနဲ့ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရတာဖြစ်ပြီး တရုတ်အစိုးရကတော့ သူ့ကိုဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ အသေးစိတ်အချက်အလက်တွေကို ပြောဆိုခဲ့ခြင်းမရှိတာပါ။ ဆွန်ဂျွန်ဟိုကို ဖမ်းဆီးထိန်းသိမ်းမှုဟာ ၁၀ လအကြာမှာ အဆုံးသတ်သွားခဲ့ပြီး ကစား သမားဟာ တောင်ကိုရီးယားနိုင်ငံကို ပြန်လည်ရောက်ရှိနေပြီလို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။

တောင်ကိုရီးယားဘောလုံးအဖွဲ့ချုပ်ကလည်း ကွင်းလယ်ခံစစ်ကစားသမား လွတ်မြောက်လာပြီလို့ အတည်ပြု ခဲ့ပါတယ်။

 အသက် ၃၁ နှစ်အရွယ်ရှိ ဆွန်ဂျွန်ဟိုဟာ တရုတ်စူပါလိဂ်ကလပ် ရှန်ဒေါင်းတိုင်ရှန်အသင်းမှာ ၂၀၂၁ ခုနှစ်ကတည်းက ကစားခဲ့ပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တောင်ကိုရီးယားအသင်းအတွက် ၃ ပွဲပါဝင် ကစားခဲ့ တာပါ။ 

တရုတ်အစိုးရဟာ ဘောလုံးအဖွဲ့ချုပ်အကြီးအကဲနဲ့ အခြားတာဝန်ရှိသူတွေကို ပစ်မှတ်ထားပြီး အကျင့်ပျက် ခြစားမှုအချို့ကို စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးနောက် ဆွန်ဂျွန်ဟိုဟာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

တောင်ကိုရီးယားကွင်းလယ်လူ လီဂျေးဆောင်ကတော့ ဆွန်ဂျွန်ဟို လွတ်မြောက်လာမှုအတွက် ဝမ်းသာမိပြီး မကြာခင်မှာ သူဘောလုံးပြန်ကစားနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောခဲ့တာပါ။ ဆွန်ဂျွန်ဟိုဟာ ရှန်ဒေါင်း တိုင်ရှန်အသင်းထံ မပြောင်းရွှေ့ခင် ကေလိဂ်အသင်းတွေဖြစ်တဲ့ ပိုဟန်စတီးလားနဲ့ ဂျီယွန်းဘွတ်အသင်းတွေမှာ ကစားခဲ့တာဖြစ်ပါတယ်။

 ဆွန်ဂျွန်ဟိုဟာ ရှန်ဒေါင်းတိုင်ရှန်အသင်းအတွက် ၅၇ ပွဲ ကစားထားပြီး ၅ ဂိုးသွင်းယူ ထားတာပါ။

၂၀၁၈ ခုနှစ်မှာ တောင်ကိုရီးယားအသင်းအတွက် စတင်ပွဲထွက်ခွင့်ရခဲ့တဲ့ ဆွန်ဂျွန်ဟိုဟာ နိုင်ငံအသင်းအတွက် ပွဲပေါင်း ၂၀ ပါဝင်ကစားထားတာဖြစ်ပါတယ်။

Source:ChannelNewsAsia