CNI Sport News

၂၀၂၄ ခုနှစ်၊ မတ်လ ၂၂

၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာရှဇုန်) ဒုတိယအဆင့်ပွဲစဉ်ဖြစ်တဲ့ မြောက်ကိုရီးယားနဲ့ ဂျပန်အသင်းပွဲစဉ်ကို ပြုံယမ်းမှာမဟုတ်ဘဲ ကြားကွင်းမှာ ကျင်းပသွားမယ်လို့ အာရှဘောလုံးအဖွဲ့ချုပ်က ပြောခဲ့ပါတယ်။

အာရှဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးက ဒီပွဲကို စီစဉ်ထားတဲ့အတိုင်း မတ်လ ၂၆ ရက်မှာ ကျင်းပ သွားမယ်လို့လည်း ပြောခဲ့တာပါ။ 

ပြီးခဲ့တဲ့လက ဂျပန်နဲ့ မြောက်ကိုရီးယားအသင်းတို့ရဲ့ ပဲရစ်အိုလံပစ် အမျိုးသမီးပလေးအော့ဖ်ပွဲစဉ်ကို ပြုံယမ်းကနေ ကြားကွင်းအဖြစ် ဆော်ဒီနိုင်ငံမှာ ပြောင်းရွှေ့ပြီး ကျင်းပခဲ့ရတာ ဖြစ်ပါတယ်။ 

ဂျပန်သတင်းအေဂျင်စီ Kyodo ကတော့ မြောက်ကိုရီးယားဟာ ဂျပန်တွေဆီကနေ ဘတ်တီးရီးယားပိုး ကူးစက်မှာ ကို စိုးရိမ်တာကြောင့် ဒီပွဲကို အိမ်ရှင်အဖြစ် မကျင်းပချင်ဘူးလို့ ဖော်ပြထားတာပါ။

 မြောက်ကိုရီးယားပရိသတ်တွေကိုတွေ့ရစဉ်

ပြီးခဲ့တဲ့ ဂျပန်နဲ့ မြောက်ကိုရီးယားပွဲစဉ်မှာ မြောက်ကိုရီးယား တာဝန်ရှိသူတွေဟာ ပြုံယမ်းမှာ အိမ်ရှင်အဖြစ် မကျင်းပနိုင်ဘူးလို့ ဂျပန်တာဝန်ရှိသူတွေထံ ပြောခဲ့ပေမယ့် ဘာကြောင့် မကျင်းပနိုင်တာ လဲဆိုတာတော့ ပြောဆိုခဲ့ခြင်းမရှိတာ ဖြစ်ပါတယ်။

ဒီရက်သတ္တပတ် အစောပိုင်းမှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် မြောက်ကိုရီးယား နိုင်ငံကို မသွားရောက်ဖို့ ဘောလုံးပရိသတ်တွေကို သတိပေးခဲ့ပါတယ်။ 

မြောက်ကိုရီးယားနဲ့ ဂျပန်အသင်းတို့ ပွဲစဉ်ကို ပြုံယမ်းမှာသာ ကျင်းပနိုင်ခဲ့ရင် ၂၀၁၁ ခုနှစ်နောက်ပိုင်း မြောက်ကိုရီးယားနိုင်ငံမှာ ဒီ ၂ သင်းကစားမယ့် ပထမဆုံးပွဲစဉ်ဖြစ်လာမှာပါ။

ဂျပန်နဲ့ မြောက်ကိုရီးယားအသင်းတို့ မတ်လ ၂၁ ရက်က တိုကျိုမှာ ကစားခဲ့ရာ ဂျပန်အသင်းက ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဂျပန်အသင်းအတွက် ဂိုးကို ပွဲချိန် ၂ မိနစ်မှာ တာနာကာက သွင်းယူခဲ့တာပါ။ ဂျပန်အသင်းဟာ ဒီနိုင်ပွဲကြောင့် အုပ်စုတွင်း ၃ ပွဲ ကစားပြီးတာမှာ ၃ ပွဲစလုံး အနိုင်ရခဲ့ပြီး မြောက်ကိုရီးယားအသင်းက ၃ ပွဲကစားအပြီးမှာ ၁ ပွဲနိုင် ၂ ပွဲရှုံးနိမ့်ထားတာ ဖြစ်ပါတယ်။

Source: CNA