CNI Sport News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁

၂၀၂၃ အာရှဖလားပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ကာတာအသင်းနဲ့ ဂျော်ဒန်အသင်းတို့ ကစားခဲ့တာမှာ ကာတာအသင်းက ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ရရှိသွားခဲ့ပါတယ်။

ကာတာအသင်းအတွက် ဂိုးတွေကို တောင်ပံကစားသမား အဖစ်က ဟက်ထရစ်သွင်းယူခဲ့တာပါ။

အဖစ်ဟာ ဒီ ၃ ဂိုးစလုံးကို ပင်နယ်တီကနေ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဂျော်ဒန်အသင်းအတွက် ချေပဂိုးကို အယ်လ်နိုင်မတ်က သွင်းယူခဲ့တာဖြစ်ပါတယ်။

ကာတာအသင်းဟာ ၂၀၁၉ က ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူထားနိုင်ခဲ့တာကြောင့် အာရှဖလားချန်ပီယံဆုကို ၂ ကြိမ် ဆက်တိုက်ရယူနိုင်ခဲ့တာပါ။

ကာတာအသင်းဟာ တောင်ကိုရီးယား၊ အီရန်၊ ဆော်ဒီနဲ့ ဂျပန်အသင်းတို့ပြီးနောက် အာရှဖလားချန်ပီယံဆုကို ၂ ကြိမ်ဆက် ရယူနိုင်တဲ့ ၅ သင်းမြောက် အသင်းဖြစ်လာခဲ့ပါတယ်။

ဂျော်ဒန်အသင်းကတော့ အာရှဖလားချန်ပီယံဆုကို ပထမဆုံးအကြိမ် ရယူနိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် ကာတာ အသင်းကို ပေးခဲ့ရတဲ့  ပင်နယ်တီဂိုးတွေကြောင့် မျှော်လင့်ချက်ကို အဆုံးသတ်ခဲ့ရတာပါ။

ဗိုလ်လုပွဲမှာ ဟက်ထရစ် သွင်းယူခဲ့တဲ့ အဖစ်ဟာ ဒီပြိုင်ပွဲမှာ ၈ ဂိုးနဲ့ ဂိုးသွင်း အများဆုံး ရွှေဖိနပ်ဆုကို ရယူနိုင်ခဲ့ သလို ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုပါ ရရှိခဲ့တာဖြစ်ပါတယ်။

အကောင်းဆုံး ဂိုးသမားဆုကို ကာတာအသင်းဂိုးသမား ဘာရှမ်နဲ့ အသန့်ရှင်းဆုံး အသင်းဆုကို ကာတာအသင်းက ရရှိသွားခဲ့ပါတယ်။

Source: BBC Sport