CNI Sport News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၉

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က လာမယ့်ရာသီ အဓိကပြိုင်ပွဲတွေမှာ အပြာရောင်ကတ်ကို အသုံးပြုသွားမှာ မဟုတ်ဘူးလို့ ထုတ်ပြန်လိုက်ပါတယ်။

ဖီဖာက “ဘောလုံးလောကရဲ့ ထိပ်တန်းအဆင့်တွေမှာ အပြာရောင်ကတ်ကို အသုံးပြုမယ်ဆိုပြီး ထွက်ပေါ်နေတဲ့ သတင်းတွေဟာ မှားယွင်းနေပြီး အချိန်မတန်သေးဘူးဆိုတာ ရှင်းလင်းချင်ပါတယ်။ ဒီ စမ်းသပ်မှုတွေကို အကောင် အထည်ဖော်မယ်ဆိုရင် အောက်တန်းလိဂ်တွေမှာ စမ်းသပ်ပြီး ကန့်သတ်သင့်ပါတယ်။ ဖီဖာဟာ ဒီအစီအစဉ်နဲ့ ပတ်သက်ပြီး မတ်လ ၁ ရက် IFAB နဲ့ ဆွေးနွေးမှုပြုလုပ်တဲ့အခါမှာ ထပ်ပြီးပြောဖို့ ရည်ရွယ်ထားတယ်” လို့ ထုတ်ပြန်ခဲ့တာပါ။

The Telegraph က နိုင်ငံတကာဘောလုံးဘုတ်အဖွဲ့(IFAB)ဟာ လာမယ့်ရာသီကစားမယ့်ပွဲတွေမှာ အပြာရောင် ကတ်တွေကို ထည့်သွင်းအသုံးပြုမယ်လို့ ကြေညာခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။ ဒီအပြာရောင်ကတ်ကို ထိပ်တန်း အဆင့်ပွဲတွေမှာ အသုံးပြုမှာမဟုတ်ဘူးလို့ သတင်းမှာ ဖော်ပြထားပေမယ့်  အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်နဲ့ ပူးပေါင်း ပြီး FA ဖလားနဲ့ ကာရာဘောင်းလိဂ်ဖလားပွဲစဉ်တွေမှာ စမ်းသပ်အသုံးပြုလာနိုင်တာပါ။ စမ်းသပ်မှုအဖြစ် ဒိုင်လူကြီး တွေဟာ သဘောထားကွဲလွဲမှုတွေနဲ့ ပြစ်ဒဏ်ကျူးလွန်မှုတွေကို ရည်ရွယ်ကာ အပြာရောင်ကတ်ကို ပြသခွင့်ရှိတာ ဖြစ်ပါတယ်။

ဒီအပြာရောင်ကတ်ပြသခံရတဲ့ ကစားသမားတွေဟာ ကွင်းအတွင်းကနေ ၁၀ မိနစ်ကြာထုတ်ပယ်ခံရမှာပါ။ အပြာရောင်ကတ်တွေကို အခြေခံကလေးလူငယ်အဆင့်နဲ့ အင်္ဂလန်ဘောလုံးပိရမစ်အဆင့် အောက်ဆုံး ၅ ခုက ဘောလုံးပွဲတွေမှာ အသုံးပြုနေတာဖြစ်ပါတယ်။ 

အခုအချိန်မှာတော့ ဒါကို ပိုမိုကျယ်ပြန့်လာအောင် ပရော်ဖက်ရှင် နယ်ပွဲတွေမှာ အသုံးပြုဖို့အထိ စီစဉ်နေတာပါ။ ဖီဖာဟာ လာမယ့်လမှာ ကျင်းပမယ့် နှစ်ပတ်လည် အထွေထွေ အစည်းအဝေးမှာ အပြာရောင်ကတ်စမ်းသပ်မှုနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ရှိနေပါတယ်။

ဒီစနစ်ကို ယူအီးအက်ဖ်အေအကြီးအကဲအပါအဝင် နည်းပြအချို့နဲ့ ဘောလုံးပွဲဝေဖန်သုံးသပ်သူတွေက ဝေဖန်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။ 

Source:Goal