CNI Sport News
၂၀၂၁ ခုနှစ်၊ နို၀င်ဘာ ၂
နာမည်ကျော် တင်းနစ်ကစားသမား ရာဖေးလ်နာဒဲလ်ဟာ လာမယ့်နှစ် အစောပိုင်းမှာ ကျင်းပမယ့် သြစတြေးလျ အိုးပန်း ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။
အဲဒါကြောင့် အခုနှစ် ဒီဇင်ဘာလ အဘူဒါဘီမှာ ကျင်းပမယ့် မူဘာဒါလာ တင်းနစ်ချန်ပီယံရှစ် ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ အတွက် ဒဏ်ရာကနေ ပြန်လာနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ အသက်(၃၅)နှစ်အရွယ်ရှိ စပိန်ကစားသမားဟာ ပြီးခဲ့တဲ့ ဇွန်လက ပြင်သစ်အိုးပန်းပြိုင်ပွဲရဲ့ အကြိုဗိုလ်လုပွဲမှာ အရေးနိမ့်ပြီးကတည်းက ပွဲစဉ်(၂)ပွဲသာ ပါဝင်ကစား ရသေးတာ ဖြစ်ပါ တယ်။
နာဒဲလ်ဟာ ဘယ်ဘက် ခြေဖဝါး ကုသမှုကို ခံခဲ့ရပြီးနောက် သူဘယ်အချိန် ပြန်လာနိုင်မလဲဆိုတာကို မသိသေးဘူးလို့ ပြောခဲ့ တာ ဖြစ်ပါတယ်။ ဂရမ်းဆလမ်းပြိုင်ပွဲဖြစ်တဲ့ သြစတြေးလျ အိုးပန်းပြိုင်ပွဲကတော့ လာမယ့်နှစ် ဇန်နဝါရီ (၁၇)ရက်ကနေ (၃၀)ရက်ထိ ကျင်းပသွားမှာဖြစ်ပါတယ်။
ပုံ- ရာဖေးလ်နာဒဲလ်ကို တွေ့ရစဉ်။
နာဒဲလ်က “ ကျနော့်ရဲ့ အစီအစဉ်ကတော့ ဒီဇင်ဘာလမှာ ကျင်းပမယ့် အဘူဒါဘီမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ပါ။ အဲ့ဒီနောက် သြစကြေးလျ အိုးပန်းမတိုင်ခင် ပြိုင်ပွဲတစ်ခုကစားဖို့ပါ”လို့ ဆိုပါတယ်။
“ဒါဟာ ကျနော်ရဲ့ ရည်မှန်းချက်ပါပဲ။ ဒီလိုမျိုး လုပ်နိုင်ဖို့ အတွက်လည်း ကျနော်ကြိုးစားပြီး လုပ်ဆောင်နေပါတယ်။ ခြေဖဝါး ဒဏ်ရာက အနည်းငယ် ပိုကောင်းလာဖို့ လိုအပ်ပါသေးတယ်။ ဒါပေမယ့် တစ်နေ့ကို ၁ နာရီခွဲလောက် လေ့ကျင့်နေပြီဆို တော့ ဒါဟာ အကောင်းဘက်ကို ဦးတည်နေတာဖြစ်ပါတယ်။ လေ့ကျင်မှုတွေ ပြုလုပ်တယ်၊ နေလို့ထိုင်လို့လည်း ကောင်း လာပါပြီ။ အဲ့ဒါကြောင့် ကွင်းထဲကို အမြန်ဆုံးပြန်လာချင်တယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။
ဂရမ်းဆလမ်း ချန်ပီယံဆုကို အကြိမ် ၂၀ ရယူထားတဲ့ ရာဖေးလ်နာဒဲလ်ဟာ ၂၀၀၉ ခုနှစ်က ကျင်းပတဲ့ သြစတြေးလျ အိုးပန်း ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တာဖြစ်ပြီး အဲ့ဒီနောက်ပိုင်း ကစားတဲ့ ဗိုလ်လုပွဲ ၄ ပွဲလုံး အရေးနိမ့်ထား ခဲ့တာလည်း ဖြစ်ပါတယ်။