CNI Sport News

၂၀၂၁ ခုနှစ်၊ နို၀င်ဘာ ၂

ဘာစီလိုနာ အသင်းတိုက်စစ်မှုး အဂူရိုဟာ အသက်ရှုကြပ်ပြီး နှလုံးခုန်မမှန်တာကြောင့် အနည်းဆုံး(၃)လကြာ အနားယူရတော့မယ်လို့ ကလပ်အသင်းက အတည်ပြုထုတ်ပြန်လိုက်ပါတယ်။

ဘာစီလိုနာ အသင်းရဲ့ တိုက်စစ်ကစားသမားဖြစ်တဲ့ အဂူရိုဟာ အလာဗတ်စ် အသင်းနဲ့ တဖက်(၁)ဂိုးစီ သရေကျခဲ့ တဲ့ လာလီဂါပွဲစဉ်မှာ မူးဝေလာခဲ့လို့ ဆေးရုံကို ပို့ဆောင်ခဲ့ရပါတယ်။

အဂူရိုရဲ့ အခြေအနေကို စမ်းသပ်စစ်ဆေးခဲ့ရာမှာတော့ လအနည်းငယ်ကြာ အနားယူရမယ်လို့ ဘာစီလိုနာအသင်း က အတည်ပြု ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

ဘာစီလိုနာ အသင်းက “အဂူရိုဟာ ဒေါက်တာ ဂျိုးဆပ်ဘရူဂါထာ ဆီကနေ ရောဂါရှာဖွေရေးနဲ့ ကုသမှု လုပ်ငန်း စဉ်ကို ခံယူထားပါတယ်။ သူရဲ့ ပြန်လည် တည်ဆောက်ရေး လုပ် ငန်း စဉ်တွေကို ဆုံးဖြတ်ဖို့နဲ့ ကုသမှုရဲ့ ထိရောက် မှုကို အကဲဖြတ်ဖို့အတွက် သူ့ကို လာမယ့်(၃)လအတွင်းမှာ ရွေးချယ်လို့ ရမှာမဟုတ်ပါဘူး”လို့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ပုံ- အဂူရိုကိုတွေ့ရစဉ်။

အဂူရိုဟာ အလာဗတ်စ် အသင်းနဲ့ ကစားခဲ့တဲ့ ပွဲချိန်မိနစ်(၄၀)မှာ အသက်ရှုကြပ်ပြီး မူးဝေလာခဲ့လို့ ကွင်းအတွင်း မှာ အရင်ဆုံး ဆေးကုသမှု ခံယူခဲ့ရပါတယ်။

အခြေအနေ မသက်သာတာကြောင့် ဘာစီလိုနာအသင်းဟာ အဂူရိုကို ကော်တင်ဟိုနဲ့ လူစားလဲပြီး ဆေးရုံကို ပို့ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းရဲ့ ယာယီနည်းပြဖြစ်သူ ဆာဂျီဘာဟွမ်က ကစားသမား ဟာ အနည်းငယ် မူးဝေနေတယ်လို့ သူ့ကို ပြောဆိုခဲ့ကြောင်း ပွဲအပြီးမှာ ဆိုခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့က ဘာစီလိုနာ အသင်းကို အလွတ်နဲ့ ရောက်ရှိလာခဲ့ပြီး (၂) နှစ် စာချုပ်ချုပ်ဆို ခဲ့တဲ့ အဂူရိုဟာ အသင်းနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်အပြီးမှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် (၂)လကြာ အနားယူခဲ့ရတာ လည်း ဖြစ်ပါတယ်။

အဂူရိုဟာ ပြီးခဲ့တဲ့ လအလယ်ပိုင်းလောက်မှ ဘာစီလိုနာအတွက် ပွဲထွက် ကစားခဲ့တာဖြစ်ပြီး လာလီဂါ(၄)ပွဲနဲ့ ချန်ပီယံလိဂ်(၁)ပွဲ ပါဝင်ကစားထားပါတယ်။ ရီးရယ်လ် အသင်းကို အရေးနိမ့်တဲ့ ပွဲမှာ (၁)ဂိုး သွင်းယူနိုင်ခဲ့ပါ တယ်။