၂၀၂၁ ခုနှစ်၊ နို၀င်ဘာ ၂

UFC ဖိုက်တာဟောင်း ခါဘစ်နဲ့ ဘောလုံးအကျော်အမော် ဆီးဒေ့ါဖ့်တို့က ကိုယ်ခံပညာနဲ့ ဘောလုံး ပေါင်းစပ်ပြီး ကိုယ်ပိုင်ဘောလုံး သင်တန်းကျောင်းတစ်ခုကို ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။

ဒီသင်တန်းကျောင်းကို ဆီးဒေ့ါဖ်ခါဘစ် performance club လို့ အမည်ပေးထားတာဖြစ်ပြီး မနေ့က ဒူဘိုင်းမှာ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

သူတို့ (၂)ဦးကတော့ ဒီလိုသင်တန်းကျောင်းတွေကို လာမယ့် ၅ နှစ်အတွင်း နေရာအနှံ့ ၁၀ နေရာလောက်မှာ ဖွင့်လှစ်နိုင်ဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။ သူတို့ ၂ ဦးဟာ Sky Sports Holding ဆိုတဲ့ Company ကို အတူတွဲ တည်ထောင်ခဲ့ကြတာဖြစ်ပြီး ဒါကို အဘူဒါဘီနဲ့ ဒူဘိုင်းမှာ တည်ထောင်သွားမှာလည်း ဖြစ်ပါတယ်။

ပုံ- ခါဘစ် UFC ပွဲထိုးသတ်စဉ်။

UFC ချန်ပီယံဟောင်း ခါဘစ်က “သေချာပါတယ်။ ဒူဘိုင်းမှာ ဖွင့်တယ်ဆိုရင် အဘူဒါဘီမှာရှိတဲ့ စွမ်းဆောင်ရည် ကလပ်တစ်ခု လိုအပ်ပါတယ်။ ဒါကို အနာဂတ်မှာ ကျနော်တို့ လုပ်ဆောင်သွားမှာပါ”လို့ ဆိုပါတယ်။

ဆီးဒေါ့ဖ်နဲ့ ခါဘစ်တို့ကြား ပူးပေါင်းဆောင်ရွက်မှုဟာ ၂၀၂၀ မှာ တွေ့ဆုံပြီးနောက်မှာ စတင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဆီးဒေါ့ဖ်ရဲ့ ပြောဆိုမှုအရ သူတို့ ၂ ဦးဟာ ချက်ချင်းပဲ သူငယ်ချင်းတွေ ဖြစ်သွားခဲ့ကြပြီး Sky Sports Holding ဆိုတဲ့ Company ကို တည်ထောင်ဖို့ စတင်ခဲ့တာလို့ ပြောခဲ့ပါတယ်။

ပုံ-ဆီးဒေါ့ဖ် ချန်ပီယံလိဂ်ဆုဖလားနဲ့အတူတွေ့ရစဉ်။

ဆီးဒေါ့ဖ်က “ကျနော်တို့ ၂ ဦးမှာ တူညီတဲ့ စိတ်ကူးပုံစံတွေ ရှိပါတယ်။ကျနော်တို့ဟာ လူငယ်မျိုးဆက် သစ်တွေ ကို တစ်ခုခု ပြန်ပေးချင်ပါတယ်။ ဒါက ဒူဘိုင်းပရောဂျက် တစ်ခုတည်း မဟုတ်ပါဘူး။ ခါဘစ်ဟာ MMA ရှုထောင့် ကနေ သူယူဆောင်လာနိုင်တဲ့ အရာတွေကို အတိအကျ သိပါတယ်။ကျနော်ကတော့ ဘောလုံးရှုထောင့်ကနေ ဘာတွေ ယူဆောင်လာနိုင်မလဲဆိုတာ သိမယ်ထင်ပါတယ်”လို့ ဆိုခဲ့တာပါ။

ခါဘစ်ကလည်း “ဆီးဒေါ့ဖ်ဟာ အားကစားလောကမှာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပါတယ်။ ချန်ပီယံဖြစ်ဖို့ ဘာ တွေ လုပ်ရမလဲဆိုတာ ကျနော်တို့ သိပါတယ်။ အခုအချိန်မှာ ကျနော်တို့ ရည်မှန်းချက်က ချန်ပီယံတွေကို ဖန်တီး ဖို့ပါ။ ချန်ပီယံတွေကို ဖန်တီးမွေးထုတ်မယ်၊ ဒီအတွက် စနစ်တစ်ခုလိုအပ်တယ်။ ကျနော်နဲ့ ဆီးဒေါ့ဖ်က ဒါကို ဖန် တီး ပါတောာ့မယ်”လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။