CNI Sport News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၄

ဘော့စနီးယား လက်ရွေးစင် ကွင်းလယ်လူ ယာနစ်က မက်ဆီထက် ရော်နယ်ဒိုနဲ့ ကစားရတာကို ပိုပျော်ရွှင်ခဲ့ရပြီး ရော်နယ်ဒိုဟာ သူတွဲကစားခဲ့ဖူးတဲ့ ကစားသမားတွေထဲမှာ အကောင်းဆုံးလို့ ပြောခဲ့ပါတယ်။

ယာနစ်က “ကျနော် ရော်နယ်ဒိုနဲ့ စကားတွေ အများကြီးပြောခဲ့ပါတယ်။ ကျနော်နဲ့ သူဟာ အမှတ်ရစရာတွေ အများကြီးရှိခဲ့ပြီး သူက အလွန်ကောင်းတဲ့ ဘောလုံးသမားပါ။ ရော်နယ်ဒိုဟာ ကျနော်ကစားခဲ့ဖူးတဲ့ ကစားသမား တွေထဲမှာ အကောင်းဆုံးပါ။ ရော်နယ်ဒို၊ မက်ဆီတို့နဲ့ တွဲပြီးကစားရတာဟာ အလွန်ကံကောင်းပြီး ဘယ်သူက ပိုပြီး သန်မာတယ်ဆိုတာ ပြောရခက်ပါတယ်။ ဒါပေမယ့် မက်ဆီထက် ရော်နယ်ဒိုနဲ့ ပိုပြီးပျော်ရွှင်ခဲ့ရပါတယ်”လို့ O Jogo ကို ပြောခဲ့ပါတယ်။

ယာနစ်ဟာ မက်ဆီ၊ ရော်နယ်ဒိုတို့ နှစ်ဦးစလုံးနဲ့ တွဲဖက်ကစားဖူးတဲ့ ကစားသမား အနည်းငယ်ထဲမှာ ပါဝင်ခဲ့သူ ဖြစ် ပါတယ်။ 

ယာနစ်ဟာ ရော်နယ်ဒိုနဲ့ ဂျူဗင်တပ်စ်အသင်းမှာ အတူတွဲကစားခဲ့ပြီး မက်ဆီနဲ့တော့ ဘာစီလိုနာအသင်းမှာ အတူ တွဲ ကစားခဲ့ပါတယ်။

ယာနစ်နဲ့ မက်ဆီကို တွေ့ရစဉ်

ယာနစ်ဟာ ဂျူဗင်တပ်စ်အသင်းမှာ ဆုဖလား ၃ လုံး ရယူနိုင်ခဲ့ပေမယ့် ဘာစီလိုနာအသင်းမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။

ယာနစ်ဟာ ဘာစီလိုနာအသင်းမှာ ပွဲပေါင်း ၃၀ သာ ပါဝင်ကစားခွင့်ရခဲ့ပြီး သွင်းဂိုးရော ဂိုးဖန်တီးမှုရော ပြုလုပ်နိုင် ခဲ့ခြင်း မရှိခဲ့ပါဘူး။ 

အသက် ၃၃ နှစ်အရွယ်ရှိ ယာနစ်ဟာ ဘာစီလိုနာအသင်းကနေ ဘက်ဆီးတပ်စ် အသင်းထံ တစ်ရာသီအငှားနဲ့ ထွက်ခွာခဲ့ပြီး နောက်ရာသီမှာတော့ ယူအေအီးကလပ် ရှာဂျာအသင်းထံ အပြီးသတ် ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။ 

ယာနစ်ဟာ ရှာဂျာအသင်းအတွက် ၃၇ ပွဲ ပါဝင်ကစားထားပြီး ၅ ဂိုး သွင်းယူထားတာပါ။

ရော်နယ်ဒိုနဲ့ မက်ဆီတို့လည်း လက်ရှိအချိန်မှာ ဥရောပအပြင်ဘက်ကို ထွက်ခွာခဲ့ပြီး ရော်နယ်ဒိုက ဆော်ဒီကလပ် အယ်လ်နာဆာအသင်း၊ မက်ဆီက မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းမှာ ကစားနေတာ ဖြစ်ပါတယ်။

Source: Goal