CNI Sport News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၃

စကော့တလန် အသင်းခေါင်းဆောင် ရောဘတ်ဆန်ဟာ စပိန်အသင်းကို အရေးနိမ့်ခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ ပြင်းထန်တဲ့ ပခုံးဒဏ်ရာ ရရှိသွားခဲ့ပါတယ်။

စကော့တလန်နဲ့ လီဗာပူးလ်အသင်း နောက်ခံလူ ရောဘတ်ဆန်ဟာ စပိန်အသင်း ဂိုးသမား အူနှိုင်းဆီမွန်နဲ့ ထိခိုက် မိပြီးနောက် ကွင်းထဲကနေ ထွက်ခွာခဲ့ရပါတယ်။

ရောဘတ်ဆန်ဟာ ဒဏ်ရာကြောင့် ဆက်မကစားနိုင်တော့တဲ့အတွက် စကော့တလန်အသင်းဟာ သူ့ကို ပတ်ဒါဆန်နဲ့ လူစားလဲခဲ့ရပြီး ရောဘတ်ဆန်ဟာ ကွင်းထဲကနေ ထွက်လာချိန်မှာ မသက်မသာဖြစ်သလို ခံစားနေရတာကို မြင်တွေ့ခဲ့ရပါတယ်။

စကော့တလန်အသင်းကို တွေ့ရစဉ်

စကော့တလန် အသင်းနည်းပြ စတိဗ်ကလာ့ခ်က “ရောဘတ်ဆန်ဟာ သူ့ရဲ့ကလပ်ကို ပြန်သွားတော့မှာပါ။ ကျနော် တို့ဟာ တီယာနေးကို ဆုံးရှုံးပြီးနောက် ရောဘတ်ဆန်ကလည်း ပခုံးဒဏ်ရာ ရရှိသွားခဲ့ပါတယ်။  သူဟာ ကလပ် အသင်းနဲ့အတူ အမြန်ဆုံး ပြန်ကောင်းမွန်ပြီး နိုဝင်ဘာလမှာ ကျနော်တို့ကို အကူအညီပေးဖို့အတွက် အဆင်သင့် ဖြစ်နေမယ်လို့ မျှော်လင့်ကြောင်း” ပြောခဲ့ပါတယ်။

ရောဘတ်ဆန်ဟာ ဒဏ်ရာကြောင့် ပြင်သစ်အသင်းနဲ့ ကစားမယ့် ခြေစမ်းပွဲမှာ စကော့တလန် အသင်းအတွက် ပါဝင်နိုင်မှာ မဟုတ်သလို အောက်တိုဘာ ၂၁ ရက်မှာ ကစားမယ့် အဲဗာတန်အသင်းနဲ့ မာဆေးဆိုဒ် ဒါဘီပွဲစဉ် ကိုလည်း လီဗာပူးလ်အသင်းအတွက် ပါဝင်နိုင်ဖွယ် မရှိတော့ပါဘူး။ 

စကော့တလန်အသင်းဟာ စပိန်အသင်းကို အရေးနိမ့်ခဲ့ပေမယ့် ယူရို ၂၀၂၄ ခြေစစ်ပွဲအုပ်စုတွင်းကို ဆက်လက် ဦးဆောင်နေပြီး တတိယနေရာက နော်ဝေအသင်းကို ၅ မှတ် ဖြတ်ထားပါတယ်။

စကော့တလန်အသင်းဟာ နိုဝင်ဘာလမှာ ကစားမယ့် ဂျော်ဂျီယာ၊ နော်ဝေအသင်းတို့နဲ့ ယူရိုခြေစစ်ပွဲမှာ ရလဒ် ကောင်း ရယူနိုင်ခဲ့မယ်ဆိုရင် အနိမ့်ဆုံး ပလေးအော့ဖ်အဆင့် ယှဉ်ပြိုင်ခွင့်ရဖို့ သေချာမှာလည်း ဖြစ်ပါတယ်။

Source: BBC