CNI Sport News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၀

လီဗာပူးလ်အသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲကို မှန်ကန်တဲ့နည်းပုံစံနဲ့ ချဉ်းကပ်သွားမှာဖြစ်ပြီး လေးစားမှုအပြည့်နဲ့ ယှဉ်ပြိုင်သွားမယ်လို့ နည်းပြ ကလော့ပ်က ပြောလိုက်ပါတယ်။

ကလောပ့်က “ကျနော်တို့ဟာ မှန်ကန်တဲ့နည်းပုံစံတွေနဲ့ ချဉ်းကပ်ပြီး ပြိုင်ပွဲကိုလေးစားမှုအပြည့်နဲ့ ယှဉ်ပြိုင်သွားမှာ ဖြစ်သလို ပြိုင်ဘက်တွေကိုလည်း လေးစားမှုအပြည့်နဲ့ ကစားသွားမှာပါ။ ကျနော်တို့ဟာ ဗိုလ်လုပွဲကို သေချာ ပေါက်ရောက်ချင်ပေမယ့် ရောက်နိုင်မလားဆိုတာတော့ မသိရသေးပါဘူး။ ကျနော်တို့ဟာ ဒီပစ်မှတ်တွေ ကြားထဲ မှာ အလွန်ကောင်းမွန်တဲ့အသင်းတွေနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ဖို့ လုပ်ဆောင်ရမယ်”လို့ TNT Sports ကို ပြောခဲ့တာပါ။

လီဗာပူးလ်အသင်းဟာ ကလောပ့်ရာသီအပြည့်ကိုင်တွယ်ခဲ့တဲ့ ၂၀၁၆-၁၇ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်နဲ့ လွဲချော်ခဲ့ပြီးနောက် အခုနှစ်ဘောလုံးရာသီမှာ ယူရိုပါလိဂ်ပြိုင်ပွဲကို ယှဉ်ပြိုင် ရမှာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ကလောပ့်လက်ထက်မှာ ၂၀၁၆ က ယူရိုပါလိဂ်ဗိုလ်လုပွဲ ရောက်ရှိခဲ့ပြီး ဆုဖလားမရခဲ့ပေမယ့် အခုနှစ်ယူရိုပါလိဂ်ပြိုင်ပွဲမှာတော့ ဆုဖလားရယူနိုင်ဖို့ ဂျာမန်နည်းပြက ပစ်မှတ်ထား နေတာပါ။

လီဗာပူးလ်အသင်းဟာ စက်တင်ဘာ ၂၁ ရက်မှာ ယူရိုပါလိဂ်အုပ်စုပွဲစဉ်အဖြစ် LASK အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲအပြီးမှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ကလောပ့်က သူတို့ဟာ ဒီနှစ်ပွဲစလုံးမှာ ထိပ်တန်းအသင်းကို ပွဲထွက်အသုံးပြုဖို့ စီစဉ်ထားတယ်လို့ ပြောခဲ့တာပါ။

“ကျနော်တို့မှာ အရည်အသွေးရှိကစားသမားတွေရှိပေမယ့် စမ်းသပ်မှာတော့ မဟုတ်ပါဘူး။ ဒဏ်ရာတွေ မရှိဘူး ဆိုရင်တော့ ကြာသပတေးနဲ့ တနင်္ဂနွေနေ့မှာ ထိပ်တန်းအသင်းကို အသုံးပြုဖို့ ကစားသမားအလုံအလောက် ရှိသင့်တယ်လို့ထင်ကြောင်း” ပြောခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ဒီ ရာသီပရီးမီးယားလိဂ် ၅ ပွဲကစားအပြီးမှာ ရှုံးပွဲမရှိ ရလဒ်ကောင်းတွေရရှိနေပြီး ရမှတ် ၁၃ မှတ်နဲ့ အမှတ်ပေးဇယားအဆင့် ၃ နေရာမှာရပ်တည်နေပါတယ်။

Source:ChannelNewsAsia