CNI Sport News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၆

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့က ပီအက်စ်ဂျီအသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ တိုက်စစ်မှူး နေမာဟာ အယ်လ်ရီယက်ဒ်အသင်းနဲ့ ကစားခဲ့တဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ်မှာ အယ်လ်ဟီလယ်အသင်းအတွက် ပွဲဦးထွက်အဖြစ် ပါဝင်ကစားသွားခဲ့ပါတယ်။

နေမာဟာ အယ်လ်ဟီလယ်အသင်းက အယ်လ်ရီယက်ဒ်အသင်းကို ၆ ဂိုး- ၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့တဲ့ ဆော်ဒီပရိုလိဂ် ပွဲစဉ်ရဲ့ ပွဲချိန် ၆၄ မိနစ်မှာ လူစားဝင် ကစားသမားအဖြစ် သူ့ရဲ့ ပထမဆုံးပွဲကို စတင်ခဲ့တာပါ။

ဒီပွဲစဉ်ရဲ့ ပွဲချိန် ၈၇ မိနစ်မှာ အယ်လ်ဟီလယ်အသင်း ပင်နယ်တီ ကန်သွင်းခွင့်ရခဲ့ပေမယ့် နေမာက မကန်သွင်း ခဲ့တာကြောင့် ပွဲဦးထွက်မှာ သွင်းဂိုးရရှိမယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရပါတယ်။ 

ဒါပေမယ့် နေမာဟာ အသင်းဖော် မယ်လ်ကွန်ရဲ့ သွင်းဂိုးကို ဖန်တီးပေးနိုင်ခဲ့ပြီး ပွဲဦးထွက်မှာ ခြေစွမ်းပြသ နိုင်ခဲ့တာပါ။

နေမာကို တွေ့ရစဉ်

နေမာက “အယ်လ်ဟီလယ် အသင်းနဲ့အတူ ပွဲဦးထွက်မှာ နိုင်ပွဲရယူနိုင်ခဲ့တဲ့အတွက် အလွန်ပျော်ရွှင်ပါတယ်။ အားပေးခဲ့ကြတဲ့ ပရိသတ်တွေ အားလုံးကိုလည်း ကျေးဇူးတင်တယ်”လို့ ဆိုရှယ်မီဒီယာမှာ ရေးသားထားခဲ့ပါတယ်။

အယ်လ်ဟီလယ်အသင်းဟာ ဒီနိုင်ပွဲကြောင့် ဆော်ဒီပရိုလိဂ် ၆ ပွဲ ကစားအပြီးမှာ ၅ ပွဲနိုင်၊ ၁ ပွဲသရေ ရမှတ် ၁၆ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေတာပါ။

ဒုတိယနေရာမှာတော့ ဘန်ဇီမာ၊ ကန်တီတို့ ကစားနေတဲ့ အယ်လ်အစ်တီဟတ်အသင်းက အယ်လ်ဟီလယ် အသင်း ထက် ရမှတ်တစ်မှတ် လျော့နည်းကာ ရပ်တည်နေတာ ဖြစ်ပါတယ်။ 

အယ်လ်ဟီလယ်အသင်းဟာ လိဂ်ပြိုင်ပွဲမှာ သွင်းဂိုး ၂၀ အထိ သွင်းယူထားပြီး သွင်းဂိုး အများဆုံး အသင်းအဖြစ် လည်း ရှိနေတာပါ။

အယ်လ်ဟီလယ်အသင်းဟာ စက်တင်ဘာ ၁၉ ရက်မှာ အာရှချန်ပီယံလိဂ် အုပ်စုပွဲစဉ် ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ဒီပွဲအပြီးမှာ ဆော်ဒီပရိုလိဂ်ပွဲစဉ်အဖြစ် ဒါမက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Daily Mail