CNI Sport News

၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၄

ဘတ်ပီဟာ လာမယ့်နွေရာသီမှာ ထွက်ခွာလို့ရနိုင်မယ့် အာမခံချက်ကြောင့် ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖွယ်ရှိနေတယ်လို့ သိရပါတယ်။

ဘတ်ပီရဲ့ အနာဂတ်ဟာ အခုနွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ကို လွှမ်းမိုးထားပေမယ့် ပြင်သစ်အသင်း ခေါင်းဆောင်ဟာ ဒီရာသီ ပီအက်စ်ဂျီအသင်းမှာ ဆက်ရှိဖွယ်ရှိနေပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ဘတ်ပီကို ၂၀၂၄ ခုနှစ်မှာ ထွက်ခွာခွင့်ပေးမယ့် စာချုပ်သစ် ကမ်းလှမ်းခဲ့တယ်လို့ ပြင်သစ် သတင်းတွေမှာ ဖော်ပြထားတာပါ။ 

ဘတ်ပီဟာ ပြီးခဲ့တဲ့ဇွန်လက စာချုပ်သက်တမ်းတိုးမှာ မဟုတ်ဘူးလို့ ပီအက်စ်ဂျီအသင်းထံ အကြောင်းကြားခဲ့ပါ တယ်။

ဒါပေမယ့် ပီအက်စ်ဂျီအသင်းဘက်က ဘတ်ပီကို အလွတ်နဲ့ ထွက်ခွာခွင့် မပေးနိုင်တာကြောင့် ဆော်ဒီ ကလပ် အယ်လ်ဟီလယ်အသင်းရဲ့ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၂၅၉ သန်းနဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့ တာပါ။ 

ဒီကမ်းလှမ်းမှုကို ပြင်သစ်ကစားသမားက ငြင်းပယ်ခဲ့တာကြောင့် ရာသီကြိုပြင်ဆင်နေတဲ့ အသင်းရဲ့ လူစာရင်း ကနေ ချန်လှပ်ခဲ့ပါတယ်။ 

ဘတ်ပီနဲ့ အသင်းဖော်များကိုတွေ့ရစဉ်

ဘတ်ပီကို ပထမအသင်းနဲ့ လေ့ကျင့်ခန်းဆင်းခွင့် ပိတ်ပင်ခဲ့ပြီး လော်ရီးယန့်အသင်းနဲ့ လီဂူးဝမ်း အဖွင့်ပွဲစဉ်မှာ လည်း ပီအက်စ်ဂျီအသင်းက အသုံးပြုခဲ့ခြင်း မရှိပါဘူး။ 

ဒါပေမယ့် ပီအက်စ်ဂျီအသင်းဟာ ဘတ်ပီနဲ့ အပေါင်းလက္ခဏာဆောင်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်အပြီး ၂၀၂၄ ခုနှစ် မှာ ကစားသမားကို ရောင်းချမယ်လို့ အာမခံချက်ပါရှိတဲ့ တစ်နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုဖို့ စီစဉ်နေတယ်လို့ FootMercato က ဖော်ပြခဲ့တာပါ။ 

ဒီလို စာချုပ်သစ် ချုပ်ဆိုမှသာ ပီအက်စ်ဂျီအသင်းဟာ ကစားသမား ပြောင်းရွှေ့ချင်တဲ့ အသင်းကို ရောင်းချပြီး သူတို့လည်း ပြောင်းရွှေ့ကြေးရယူနိုင်မှာ ဖြစ်ပါတယ်။ 

ဘတ်ပီဟာ ရီးရယ်လ်အသင်းထံ ပြောင်းဖို့ စီစဉ်နေပြီး စပိန်ကလပ်ကလည်း ဘန်ဇီမာရဲ့ နေရာအစားထိုးဖို့ လာမယ့်နှစ်မှာ ခေါ်ယူသွားဖို့ လုပ်ဆောင်နေတာပါ။ 

ဘတ်ပီဟာ လက်ရှိအချိန်မှာ ပီအက်စ်ဂျီ ပထမအသင်းနဲ့ လေ့ကျင့်မှုတွေ ပြန်လည်ပြုလုပ်နေပြီး လာမယ့်ပွဲစဉ် တွေမှာ အသင်းအတွက် ပြန်လည် ပါဝင်ကစားပေးတော့မှာ ဖြစ်ပါတယ်။

Source: Goal