CNI Sport News

၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၁

ချယ်လ်ဆီးနဲ့ ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်းတို့က စိတ်ဝင်စားနေတဲ့ တိုက်စစ်မှူး အိုဆင်ဟမ်ဟာ နာပိုလီ အသင်းမှာပဲ ဆက်ရှိမယ်လို့ ဥက္ကဋ္ဌ ဒီလော်ရန်းတစ်က ပြောလိုက်ပါတယ်။

ဒီလော်ရန်းတစ်က “အိုဆင်ဟမ်က အသင်းမှာ ဆက်ရှိမှာဖြစ်ပြီး၊ သူရဲ့ စာချုပ်က ၂ နှစ် ကျန်ရှိနေပါသေးတယ်။ စာချုပ်တွေကို လေးစားရမှာပါ။ ကျနော်တို့ဟာ အိုဆင်ဟမ်နဲ့ တူညီတဲ့ စာမျက်နှာတွေပေါ်မှာ ရှိနေတာကြောင့် ဒီအတွက် စိတ်မပူကြပါနဲ့”လို့ Sky Sports ကို ပြောခဲ့တာပါ။

ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်အသင်းဟာ အိုဆင်ဟမ်ကို ခေါ်ယူဖို့ ပေါင်သန်း ၁၂၀ နဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားပေမယ့် နာပိုလီအသင်းက ပယ်ချထားတာပါ။ 

ယူနိုက်တက်နဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ စိတ်ဝင်စား မှုခံခဲ့ရတဲ့ အိုဆင်ဟမ်ဟာ နာပိုလီအသင်းနဲ့ စာချုပ်သစ်ချုပ်ဖို့ သဘောတူညီမှု မရသေးပေမယ့် လက်ရှိစာချုပ်ဟာ ၂၀၂၅ ခုနှစ်အထိ ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။ 

အိုဆင်ဟမ်နဲ့ ဒီလော်ရန်းကိုတွေ့ရစဉ်

အိုဆင်ဟမ်ဟာ ပြီးခဲ့တဲ့ရာသီက နာပိုလီအသင်းကို နှစ်ပေါင်း ၃၃ နှစ်အတွင်း ပထမဆုံးအကြိမ် စီးရီးအေဖလား ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ ၃၉ ပွဲမှာ ၃၁ ဂိုး သွင်းယူထားတာပါ။ 

နာပိုလီအသင်းဟာ အသက် ၂၄ နှစ်အရွယ်ရှိ အိုဆင်ဟမ်အတွက် ပေါင်သန်း ၁၃၀ တန်ကြေး သတ်မှတ်ထားတာ ဖြစ်ပါတယ်။ စီးရီးအေ ချန်ပီယံအသင်းဟာ အိုဆင်ဟမ်နဲ့ စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ် နေပြီး အသင်းမှာ ဆက်ထိန်းသိမ်းဖို့ လုပ်ဆောင်နေတာပါ။

နာပိုလီအသင်းဟာ ရာသီသစ် စီးရီးအေ အဖွင့်ပွဲစဉ်အဖြစ် ဖရိုစင်နိုနီအသင်းနဲ့ သြဂုတ် ၁၉ ရက်မှာ ယှဉ်ပြိုင်သွား မှာ ဖြစ်ပါတယ်။

Source: Goal