CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၄

အယ်လ်နာဆာအသင်းခေါင်းဆောင် ရော်နယ်ဒိုက အသင်းဟာ ရာသီကြိုခြေစမ်းပွဲမှာ ရလဒ်တွေဆိုးနေပေမယ့် ရာသီသစ်မှာ အသင်းနဲ့အတူ ဆုဖလားအောင်မြင်မှုတွေ ရယူချင်တယ်လို့ ဂျပန်ခရီးစဉ်မှာ ပြောလိုက်ပါတယ်။

ရော်နယ်ဒိုက “ကျနော်တို့ ဆုဖလားအားလုံးကို အနိုင်ရဖို့ မျှော်လင့်ထားပါတယ်။ ကျနော်တို့အတွက် ဒါက ခက်ခဲ လိမ့်မယ်ဆိုတာ သိပေမယ့် ကျနော်တို့မှာ ကောင်းမွန်တဲ့အသင်း၊ နည်းပြသစ်၊ ကစားသမားသစ်တွေ ရှိပါတယ်။ ကျနော်တို့ရဲ့ ရည်မှန်းချက်က ပြီးခဲ့တဲ့နှစ်ကနဲ့ အတူတူပါပဲ။ ကျနော်တို့ဟာ အံ့သြဖွယ်ကောင်းတဲ့ ရာသီဖြစ်အောင် လုပ်နိုင်ဖို့ မျှော်လင့်ပြီး ဒီနှစ်မှာ ဆုဖလားအနည်းငယ်ရယူချင်ပါတယ်”လို့ သတင်းထောက်တွေကို ပြောခဲ့တာပါ။

အယ်လ်နာဆာအသင်းဟာ ဂျပန်ခရီးစဉ်မတိုင်ခင် ရာသီကြိုခြေစမ်းပွဲ နောက်ဆုံးနှစ်ပွဲအဖြစ် ဆယ်လ်တာဗီဂိုနဲ့ ဘင်ဖီကာအသင်းတို့နဲ့ ကစားခဲ့တာမှာ ဂိုးပြတ်အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဆယ်လ်တာဗီဂိုအသင်းကို ၅ ဂိုး- ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပြီး၊ ဘင်ဖီကာအသင်းကို ၄ ဂိုး- ၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တာပါ။ ဆော်ဒီပရိုလိဂ်ကလပ်ဟာ ဂျပန် ခရီးစဉ်မှာ ဥရောပထိပ်သီးအသင်းတွေဖြစ်တဲ့ ပီအက်စ်ဂျီ၊ အင်တာမီလန်အသင်းတို့နဲ့ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

ရော်နယ်ဒိုက “အယ်လ်နာဆာနဲ့ ပထမဆုံး ဂျပန်ခရီးစဉ်အတွက် အလွန်ပျော်ရွှင်ပါတယ်။ ကျနော်တို့မှာ အလွန် ကောင်းမွန်တဲ့ ပွဲနှစ်ပွဲ ကစားဖို့ရှိပြီး၊ ဒီအတွက် စိတ်လှုပ်ရှားနေပါတယ်။ ဂျပန်လူမျိုးတွေဟာ ဘောလုံးနဲ့ ပတ်သက် ရင် အလွန်စိတ်အားထက်သန်ကြတဲ့သူတွေဖြစ်လို့ ကောင်းမွန်တဲ့ပွဲပေးနိုင်ဖို့ ဒီကို ရောက်ရှိလာတာလို့” ပြောခဲ့ပါ တယ်။

အယ်လ်နာဆာအသင်းဟာ အခုနွေရာသီအပြောင်းအရွှေ့မှာ ဘရိုဇိုဗစ်၊ ဖိုဖာနာ၊ တဲလက်စ်တို့ကို ခေါ်ယူထားပြီး နောက်ထပ်ကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ မာနေး၊ ဘိုင်လီနဲ့ ဒမ်ဘီလီတို့ကို ခေါ်ယူနိုင်ဖို့လည်း ကြိုးစားနေ တယ်လို့ သိရပါတယ်။ အယ်လ်နာဆာအသင်းဟာ ပြီးခဲ့တဲ့နှစ်က ဆုဖလားတွေနဲ့ လွဲချော်ခဲ့လို့ ရာသီသစ်မှာ ဆု ဖလားတွေ ရယူနိုင်ဖို့ အဓိကပစ်မှတ်ထားနေတာဖြစ်ပါတယ်။

Source:Besoccer