CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၁

ပီအက်စ်ဂျီအသင်းဟာ တိုက်စစ်မှူး ဘတ်ပီကို အသင်းမှာ ဆက်ရှိနိုင်အောင် ထိန်းသိမ်းဖို့အတွက် ယူရို ၁ ဘီလီယံ တန်ကြေးရှိတဲ့ စာချုပ်သစ် ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။

Defensa Central က ပီအက်စ်ဂျီအသင်းဟာ ယူရို ၁ ဘီလီယံတန်ကြေးရှိ ၁၀ နှစ်စာချုပ်နဲ့ ဘတ်ပီကို မယုံနိုင် လောက်စရာ ကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ဘတ်ပီကို ဒီစာချုပ် ချုပ်ဆိုနိုင်ခဲ့မယ်ဆိုရင် ကစားသမားဟာ အသက် ၃၄ နှစ်အရွယ်ထိ ပြင်သစ်ကလပ်မှာ ဆက်ပြီးရှိနေတော့မှာပါ။ 

ဒါ့အပြင် ဒီစာချုပ်ဟာ သမိုင်းတစ်လျှောက် အကျိုးအမြတ် အများအပြား ရရှိမယ့် စာချုပ်ဖြစ်လာမယ်လို့ သိရပါတယ်။

ဒါပေမယ့် ဘတ်ပီဟာ ရီးရယ်လ်အသင်းမှာ ကစားချင်နေတာကြောင့် ဒီကမ်းလှမ်းမှု ပမာဏဟာ သူ့ကို အသင်းမှာ ဆက်ရှိအောင် ဆွဲဆောင်နိုင်ဖို့ ခက်ခဲနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေကြတာပါ။ 

ဘတ်ပီနဲ့ ပီအက်စ်ဂျီအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ လာမယ့် ရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး စာချုပ် သက်တမ်းတိုးမှာ မဟုတ်တော့ဘူးလို့ အသင်းကို အကြောင်းကြားထားပြီး ဖြစ်ပါတယ်။

ပြင်သစ်အသင်းခေါင်းဆောင်ဟာ လာမယ့်ရာသီ အကုန်မှာ ပီအက်စ်ဂျီကနေ အလွတ်နဲ့ ထွက်ခွာဖို့ စီစဉ် ထားတာ ပါ။

အသင်းဖော်တွေနဲ့ လေ့ကျင့်ခန်းဆင်းနေတဲ့ ဘတ်ပီ

ပီအက်စ်ဂျီ အသင်းဘက်ကတော့ ဘတ်ပီအနေနဲ့ စာချုပ်သစ် မချုပ်ရင် အခုနွေရာသီ အပြောင်းအရွှေ့မှာ ရောင်းချ မယ်လို့ မကြာသေးခင်က အသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီက သတိပေးထားတာ ဖြစ်ပါတယ်။ 

ပြင်သစ်ကလပ်အတွက် ပွဲပေါင်း ၂၆၀ ပါဝင်ကစားထားပြီး ၂၁၂ ဂိုးသွင်းယူကာ ၉၈ ဂိုးဖန်တီးထားတဲ့ ဘတ်ပီဟာ အသင်းနဲ့အတူ ရာသီသစ်အတွက် လေ့ကျင့်မှုတွေ ပြုလုပ်နေပြီလည်း ဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ်ရှိ ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းနဲ့ ပြည်တွင်းဖလား အားလုံးကို ရယူထားနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဖလား မရယူနိုင်သေးတာကြောင့် ဒီဆုဖလားကို ရယူနိုင်ဖို့အတွက် ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့ ချင်နေတာ ဖြစ်ပါတယ်။ 

စပိန်ကလပ်ကလည်း ပြင်သစ်တိုက်စစ်မှူးကို ခေါ်ယူချင်နေပေမယ့် လာမယ့်ရာသီအကုန်မှ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ရည်ရွယ်ထားပုံရပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ရာသီကြို ခြေစမ်းပွဲအဖြစ် လီဟာဗေး၊ အယ်လ်နာဆာ၊ ဆီရီဇိုအိုဆာကာ၊ အင်တာမီလန် တို့နဲ့ ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ဒီပွဲတွေမှာ ဘတ်ပီဟာ အသင်းအတွက် ပါဝင်ကစားသွားမယ်လို့ သိရပါတယ်။

Source: Goal