CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၃

ဘိုင်ယန်မြူးနစ်အသင်းဟာ အခုနွေရာသီအပြောင်းအရွှေ့မှာ မာနေးကို ရောင်းချဖို့ စီစဉ်နေပြီး ဈေးနှုန်းပါ သတ်မှတ်ခဲ့တယ်လို့ Sky Germany က ဖော်ပြခဲ့ပါတယ်။

ဆီနီဂေါလက်ရွေးစင် မာနေးဟာ ပြီးခဲ့တဲ့ရာသီက ဒဏ်ရာ  ပြဿနာ၊ခြေစွမ်းမတည်ငြိမ်မှု၊ ဆာနေးနဲ့ အချင်းများ ခဲ့တာတွေကြောင့် အခုအပြောင်းအရွှေ့မှာ ဂျာမန်ကလပ်ကနေ ထွက်ခွာဖို့ နီးစပ်နေတာပါ။ ဂျာမန်သတင်းစာတွေ မှာ မာနေးဟာ လာမယ့်ရာသီအတွက် နည်းပြ တူချယ်လ်ရဲ့ အစီအစဉ်မှာ မပါဝင်တော့တာကြောင့် အပြောင်း အရွှေ့ဈေးကွက်ထဲမှာ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

အသက် ၃၁ နှစ်အရွယ်ရှိ မာနေးဟာ ပြီးခဲ့တဲ့နှစ်နွေရာသီကမှ လီဗာပူးလ်အသင်းကနေ ယူရို ၃၂ သန်းနဲ့ ဘိုင်ယန် မြူးနစ်အသင်းထံ ပြောင်းရွှေ့လာပြီး ၃ နှစ်စာချုပ်ချုပ်ဆိုခဲ့တာပါ။ လီဗာပူးလ်အသင်းမှာ ကစားခဲ့တုန်းက ခြေစွမ်း ပြသနိုင်ခဲ့တဲ့ မာနေးဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ပွဲဦးထွက်ရာသီမှာ ပွဲပေါင်း ၃၈ ပွဲပါဝင်ကစားကာ ၁၂ ဂိုး သွင်း ယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဘွန်ဒစ်လီဂါ လက်ရှိချန်ပီယံအသင်းဟာ မာနေးအတွက် အနည်းဆုံး ယူရိုသန်း ၂၀ ရရှိရင် ရောင်းချသွားဖို့ မျှော်လင့်နေပြီး လီဗာပူးလ်ကစားသမားဟောင်းကို ခေါ်ယူဖို့ ဆော်ဒီကလပ်အသင်းတွေက စိတ်ဝင်စားနေတာပါ။ အခု အပြောင်းအရွှေ့မှာ ထိပ်တန်းကစားသမားအများအပြားကို ခေါ်ယူနေတဲ့ ဆော်ဒီလိဂ်ဟာ မာနေးကို ခေါ်ယူ နိုင်ဖို့ ကြိုးစားနေပြီး ကစားသမားက ဘိုင်ယန်မြူးနစ်အသင်းမှာ ဆက်ရှိချင်တာကြောင့် ဒီကမ်းလှမ်းမှုတွေကို ပယ်ချခဲ့တာဖြစ်ပါတယ်။

အခုအချိန်မှာတော့ မာနေးဟာ ဘိုင်ယန်မြူးနစ်အသင်းက သူ့ကို ရောင်းချချင်နေတဲ့အတွက် ဆော်ဒီလိဂ်ရဲ့ ကမ်းလှမ်းမှုတွေကို ပြန်ပြီး စဉ်းစားလာဖို့ ရှိနေတာပါ။ ဘိုင်ယန်မြူးနစ်အသင်းဟာ စပါးအသင်းတိုက်စစ်မှူး ဟာရီကိန်းကို ခေါ်ယူဖို့ ကြိုးစားနေတာကြောင့် မာနေးကို ရောင်းချပြီး ရတဲ့ ပြောင်းရွှေ့ကြေးတွေနဲ့ အင်္ဂလန် ကစားသမားကို ပြောင်းရွှေ့ကြေးပိုပေးပြီး ကမ်းလှမ်းဖို့ စီစဉ်နေတာဖြစ်ပါတယ်။ 

Source:Besoccer