CNI Sport News

၂၀၂၃ ခုနှစ်၊ ဧပြီ ၁၃

ဘိုင်ယန်မြူးနစ်အသင်းဟာ တောင်ပံကစားသမား မာနေးကို ဟော်ဖန်ဟိမ်းနဲ့ ကစားမယ့် ဘွန်ဒစ်လီဂါပွဲစဉ် အတွက် အသင်းလူ စာရင်းကနေ ချန်လှပ်ခဲ့တယ်လို့ တရားဝင် အတည်ပြုခဲ့ပါတယ်။

မာနေးဟာ မန်စီးတီးအသင်းနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲအပြီး အဝတ်လဲခန်းမှာ အသင်းဖော် ဆာနေးရဲ့ မျက်နှာကို လက်သီးနဲ့ ထိုးခဲ့ပါတယ်။

ဒီအဖြစ်အပျက်ကြောင့် ဆာနေးဟာ နှုတ်ခမ်းကွဲသွားပြီးနောက် အသင်းဖော်တွေက သူတို့နှစ်ဦးကို လူစုခွဲခဲ့ရတာ ဖြစ်ပါတယ်။

မာနေးနဲ့ ဆာနေးတို့ဟာ ဒီနေ့ပြုလုပ်ခဲ့တဲ့ ဘိုင်ယန်မြူးနစ် အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်မှာ ပါဝင်ခဲ့ကြပါ တယ်။

ဒါပေမယ့် ဘိုင်ယန်မြူးနစ်အသင်းဟာ မာနေးကို အခုတစ်ပတ် ဟော်ဖန်ဟိမ်းအသင်းနဲ့ ကစားမယ့် ပွဲစဉ်ရဲ့ အသင်း လူစာရင်းကနေ ချန်လှပ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

မာနေးဟာ လူစာရင်းကနေ ချန်လှပ်ခံရတဲ့အပြင် ဒဏ်ကြေးငွေပါ ပေးဆောင်ရမယ်လို့ ဘိုင်ယန်မြူးနစ် အသင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Source: FC Bayern Munchen