CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၆

အင်္ဂလန်အသင်းဟာ ဥရောပ ယူ-၂၁ ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အစ္စရေးလ်အသင်းကို အနိုင်ရပြီး ၂၀၀၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဒီပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို ရောက်ရှိသွားခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ ဒီပွဲမှာ အစ္စရေးလ်အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး သွင်းဂိုးတွေကို ဂစ်ဘ်ဝှိုက်စ်၊ ပယ်လ်မာနဲ့ အာချာတို့က သွင်းယူခဲ့တာပါ။

အင်္ဂလန်အသင်းဟာ ဒီပွဲစဉ်ရဲ့ ပွဲချိန် ၁၄ မိနစ်မှာ ပင်နယ်တီ ကန်သွင်းခွင့် ရခဲ့ပေမယ့် ဂစ်ဘ်ဝှိုက်စ် ကန်သွင်းတာ မဝင်ခဲ့လို့ ဒီထက် ဂိုးမပြတ်ခဲ့တာ ဖြစ်ပါတယ်။ 

အင်္ဂလန်အသင်းဟာ ဗိုလ်လုပွဲ ရောက်ရှိခဲ့လို့ ၁၉၈၄ ခုနှစ်နောက်ပိုင်း ဒီပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ချန်ပီယံဆုကို ရယူနိုင်ဖို့ မျှော်လင့်ချက်တွေ ရှင်သန်လာခဲ့တာပါ။

အင်္ဂလန်တိုက်စစ်မှူး ဂစ်ဘ်ဝှိုက်စ်ဟာ ၂၀၁၇ ခုနှစ်က ကျင်းပခဲ့တဲ့ ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းနဲ့အတူ ဆုဖလား အောင်မြင်မှု ရယူထားနိုင်ခဲ့တာကြောင့် အခုတစ်ကြိမ်မှာလည်း ဆုဖလားရယူနိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

အင်္ဂလန်အသင်းနဲ့အစ္စရေးလ်အသင်း ယှဉ်ပြိုင်နေစဉ် 

 ဂစ်ဘ်ဝှိုက်စ်က “ကျနော် ယုံကြည်မှု အပြည့်ရှိတယ်လို့ ခံစားရပါတယ်။ အသင်းအတွက် ကျနော့်ရဲ့ အဓိက အခန်း ကဏ္ဍက  ကြိုးစားပြီး အကူအညီပေးဖို့ပါ။ ဒီရာသီမှာ ကျနော့်ရဲ့ ဂိုးဖန်တီးမှုတွေဟာ ပွဲရဲ့ ကြီးမား တဲ့ အစိတ်အပိုင်း တစ်ခုလို့ ခံစားရပြီး ဒီပြိုင်ပွဲမှာပါ ဒါကို သယ်ဆောင်လာနိုင်ခဲ့ပါတယ်။ အခုအချိန်မှာ ကျနော်ဟာ သွင်းဂိုးတွေရဖို့ ပိုပြီးကြိုးစားနေပြီး စနေနေ့မှာ ကစားမယ့်ပွဲကိုတော့ အပြည့်အဝ အာရုံစိုက်ထားပါတယ်”လို့ ပြော ပါတယ်။

အခြားဆီမီးဖိုင်နယ် ပွဲတစ်ပွဲဖြစ်တဲ့ စပိန်နဲ့ ယူကရိန်း အသင်းတို့ပွဲမှာ စပိန်အသင်းက ၅ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရပြီး ဗိုလ်လုပွဲ တက်နိုင်ခဲ့ပါတယ်။ 

အဲဒါကြောင့် ဇူလိုင် ၈ ရက်မှာ အင်္ဂလန်နဲ့ စပိန်အသင်းတို့ဟာ ဒီပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ 

အင်္ဂလန်အသင်းဟာ ဥရောပ ယူ-၂၁ ပြိုင်ပွဲမှာ ချန်ပီယံဆုကို ၂ ကြိမ် ရယူထားပြီး စပိန်အသင်းကတော့ ချန်ပီယံဆု ကို ၅ ကြိမ်ရရှိထားကာ ဒီပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး အသင်းအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။

Source: BBC