CNI Sport News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နှစ် နွေရာသီက ခေါ်ယူဖို့ အဆင်မပြေခဲ့တဲ့ ရာဘီယော့ကို အခုနွေရာသီ အပြောင်း အရွှေ့မှာ ခေါ်ယူဖို့ ကစားသမားရဲ့ အေးဂျင့်ဖြစ်သူနဲ့ ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ် လာခဲ့ပါတယ်။
မန်ချက်စတာကလပ်ဟာ ပြီးခဲ့တဲ့နှစ်က ဂျူဗင်တပ်စ်အသင်းနဲ့ ပြောင်းရွှေ့ကြေး ပေါင် ၁၄ သန်းနဲ့ သဘောတူညီမှု ရရှိခဲ့ပေမယ့် ကစားသမားက တစ်ပတ်လုပ်ခပေါင် ၂၅၀,၀၀၀ လိုချင်တာကြောင့် အပြောင်းအရွှေ့ ပျက်ပြယ် ခဲ့ပါ တယ်။
ဒါကြောင့် နည်းပြ အဲရစ်တန်ဟတ်ဟာ ကတ်စ်မဲရိုးကို ခေါ်ယူခဲ့ပါတယ်။ အဲရစ်ဆန် ဒဏ်ရာရခဲ့လို့ ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ရာဘီယော့ကို ခေါ်ယူနိုင်ဖို့ ထပ်မံကြိုးစားခဲ့တာ ဖြစ်ပါတယ်။
အဲဒီအချိန်တုန်းကလည်း ခေါ်ယူဖို့ အဆင်မပြေခဲ့လို့ ယူနိုက်တက်အသင်းဟာ ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ ဆာဘစ်ဇာကို အငှားနဲ့ ခေါ်ယူခဲ့တာပါ။
ဒတ်ချ်လူမျိုး နည်းပြဟာ ရာဘီယော့ကို ခေါ်ယူနိုင်ဖို့ တတိယအကြိမ်မြောက် ကြိုးစားမှုအဖြစ် ကစားသမားရဲ့ အေးဂျင့်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ The Athletic က ဖော်ပြခဲ့ပါတယ်။
ရာဘီယော့နဲ့ ဂျူဗင်တပ်စ်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုလအကုန်မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။
ရာဘီယော့ကို တွေ့ရစဉ်
စီးရီးအေကလပ်ကတော့ ရာဘီယော့ကို စာချုပ်သက်တမ်းတိုးပြီး အသင်းမှာ ဆက်ထိန်းသိမ်းနိုင်ဖို့ ကြိုးစားနေပါ တယ်။
အဲရစ်တန်ဟတ်ဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ ကွင်းလယ်ကစားသမား ခေါ်ယူနိုင်ဖို့ လုပ်ဆောင်နေပြီး ချယ်လ်ဆီးကွင်းလယ်လူ မေဆန်မောင့်ကို ခေါ်ယူတာ အဆင်မပြေခဲ့တာကြောင့် နောက်ထပ် ပစ်မှတ်တွေကို ရှာဖွေနေပါတယ်။
အဲဒါကြောင့် မန်ချက်စတာကလပ်ဟာ ရာဘီယော့နဲ့အတူ ဘရိုက်တန်ကွင်းလယ်လူ ကိုင်စီဒိုကို စိတ်ဝင်စားနေ ပေမယ့် အလွတ်နဲ့ ခေါ်ယူလို့ရမယ့် ရာဘီယော့ကို ပိုပြီးစိတ်ဝင်စားနေတာပါ။
မန်စီးတီး အကယ်ဒမီထွက် ရာဘီယော့ဟာ ပရီးမီးယားလိဂ်မှာ ကစားချင်တဲ့ အကြောင်းကို ထုတ်ပြောထားခဲ့ဖူး ပါတယ်။
ရာဘီယော့က “ဒီလိဂ်နဲ့ ကစားနေတဲ့ပုံစံ အဆင့်အတန်းက ကျနော့်ကို ဆွဲဆောင်မှု အရှိဆုံးပါပဲ။ ကျနော့် အရည်အချင်းတွေနဲ့လည်း ကိုက်ညီပါတယ်။ အခုအချိန်မှာတော့ ဘယ်ပရီးမီးယားလိဂ် ကလပ်အသင်းကိုမှ ကျနော့်စိတ်ထဲမှာ မထည့်ထားပါဘူး”လို့ ပြောခဲ့ပါတယ်။
Source: Metro