CNI Sport News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၆

တရုတ်နဲ့ မြန်မာအသင်းတို့ဟာ နိုင်ငံတကာ ခြေစမ်းပွဲအဖြစ် ဒီနေ့ ကစားခဲ့တာမှာ တရုတ်အသင်းက ၄ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။

မြန်မာအသင်းဟာ ပွဲအစပိုင်းမှာ ဂိုးရနိုင်မယ့် အခွင့်အရေး ရခဲ့တာကလွဲပြီး တစ်ပွဲလုံး တရုတ်အသင်းရဲ့ အသာစီးနဲ့ ဖိကစားခြင်းကို ခံခဲ့ရပါတယ်။

တရုတ်အသင်းဟာ အိမ်ကွင်းပရိသတ် ရှေ့မှောက်မှာ ကစားခဲ့တဲ့ ဒီပွဲမှာ ဂိုးရနိုင်မယ့် အခွင့်အရေး အများအပြား ရခဲ့ပါတယ်။

ဒါပေမယ့် မြန်မာအသင်းဘက်က အကောင်းဆုံး ကာကွယ်နိုင်ခဲ့တာနဲ့ တရုတ်အသင်းဘက်က အဆုံးသတ် မသေချာခဲ့တာကြောင့် တရုတ်အသင်း ဒီထက်ပိုပြီး ဂိုးမရခဲ့တာပါ။

တရုတ်အသင်းဟာ မြန်မာအသင်းကို ပထမပိုင်းမှာ ၂ ဂိုးနဲ့ ဒုတိယပိုင်းမှာ ၂ ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။

မြန်မာအသင်းဟာ ဇွန်လ ၁၉ ရက်မှာ နောက်ထပ် ခြေစမ်းပွဲအဖြစ် မကာအိုအသင်းနဲ့ တရုတ်နိုင်ငံမှာပဲ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

#တရုတ်အသင်း #မြန်မာအသင်း #အားကစား #CNImyanmar #cninews