CNI Sport News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၆

ပီအက်စ်ဂျီအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ထင်ကြေးတွေ ထွက်ပေါ်နေပေမယ့် အသင်းခေါင်းဆောင် အိုဒီဂတ်က အာဆင်နယ်အသင်းမှာ ဆက်ရှိမယ်လို့ ကတိပြုခဲ့ပါတယ်။

အိုဒီဂတ်က “ကျနော်ဟာ အသင်းမှာ စာချုပ်သက်တမ်း နှစ်အနည်းငယ် ကျန်ရှိနေသေးပြီး ကျနော်ဒီမှာ အဆင်ပြေ သလို ကလပ်မှာ အချိန်အကြာကြီး ဆက်ရှိဖို့ မျှော်လင့်ပါတယ်။ စာချုပ်သစ်နဲ့ ပတ်သက်ပြီး အသင်းနဲ့ စကား မပြောရသေးပါဘူး။ ရိုးရိုးသားသား ပြောရရင် အခုအခြေအနေ ဘယ်လိုရှိလဲဆိုတာကို ကျနော်မသိဘူး”လို့ ပြောခဲ့ ပါတယ်။

အသက် ၂၄ နှစ်အရွယ်ရှိ အိုဒီဂတ်ဟာ လွန်ခဲ့တဲ့ ၂ နှစ်က ရီးရယ်လ် အသင်းကနေ အငှားနဲ့ ရောက်ရှိလာခဲ့တာ ဖြစ် ပြီး အခုအချိန်မှာ အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် ခြေစွမ်းပြသနေတာ ဖြစ်ပါတယ်။

အိုဒီဂတ်ကို တွေ့ရစဉ်

နော်ဝေ ကစားသမားဟာ အာတီတာရဲ့ ကစားကွက်နဲ့ အသားကျခဲ့ပြီး အသင်းအပေါ် သြဇာလွှမ်းမိုးမှုတွေရှိလို့ ပြီးခဲ့တဲ့ရာသီမှာ အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံခဲ့ရတာပါ။ အိုဒီဂတ်ဟာ ပြီးခဲ့တဲ့ရာသီမှာ အာဆင်နယ် အတွက် ၁၅ ဂိုးသွင်းပြီး သူ့ရဲ့ အကောင်းဆုံးရာသီအဖြစ် ရှိခဲ့ပါတယ်။

အဲဒါကြောင့် အာဆင်နယ်အသင်းဟာ အိုဒီဂတ်ကို ကာလကြာရှည် စာချုပ်သစ် ချုပ်ဆိုဖို့ ပြင်ဆင်နေသလို ပီအက်စ်ဂျီအသင်းရဲ့ ခေါ်ယူဖို့ စိတ်ဝင်စားခြင်းကို ခံခဲ့ရတာပါ။ 

အဲဒါကြောင့် အာဆင်နယ်အသင်းက စာချုပ်သစ် ချုပ်ဆိုနိုင်အောင် အမြန်ဆုံး ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ စိတ်အား ထက်သန်နေတာဖြစ်ပြီး ကစားသမားကလည်း လန်ဒန်ကလပ်မှာပဲ ဆက်ပြီး ရှိနေချင်နေတာ ဖြစ်ပါတယ်။

အိုဒီဂတ်ဟာ လက်ရှိအချိန်မှာ နော်ဝေလက်ရွေးစင် အသင်းနဲ့အတူ ယူရို ၂၀၂၄ ခြေစစ်ပွဲကစားဖို့ လေ့ကျင့် ပြင်ဆင်နေတာဖြစ်ပြီး ဒီပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်နိုင်ဖို့ ပစ်မှတ်ထားနေတာပါ။ 

နော်ဝေအသင်းဟာ အဓိကပြိုင်ပွဲတွေဖြစ်ဖြစ်တဲ့ ယူရိုပြိုင်ပွဲကို ၂၀၀၀ ခုနှစ်က ၁ ကြိမ်ထဲသာ ယှဉ်ပြိုင်ခွင့် ရရှိထား သလို ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ၁၉၉၈ က နောက်ဆုံးအကြိမ် ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။

Source: Metro