CNI Sport News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၅

မော်ရင်ဟိုဟာ စီးရီးအေကလပ် ရိုးမားအသင်းမှာ ဆက်ပြီး ရှိချင်တာကြောင့် ဆော်ဒီကလပ် အယ်လ်ဟီလယ် အသင်းကို ကိုင်တွယ်ခွင့်ရမယ့် အခွင့်အရေးကို ပယ်ချခဲ့ပါတယ်။

ပေါ်တူဂီလူမျိုး နည်းပြဟာ ရိုးမားအသင်းမှာ သူ့ရဲ့ အနာဂတ် မသေချာတာကြောင့် ဆော်ဒီကလပ်က သူတို့ အတွက် အလားအလာရှိတဲ့ နည်းပြသစ် ခန့်အပ်မှုအဖြစ် ပစ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။

မော်ရင်ဟိုဟာ မကြာသေးခင်က ပီအက်စ်ဂျီအသင်းရဲ့ ချိတ်ဆက်မှု ခံခဲ့ရပြီး အယ်လ်ဟီလယ် အသင်းကို ကိုင်တွယ်ဖို့ စိတ်ဝင်စားခြင်း မရှိဘူးလို့ ပြောခဲ့တာကြောင့် အီတလီမှာပဲ ဆက်ရှိဖို့ သေချာနေတာ ဖြစ်ပါတယ်။

မော်ရင်ဟိုဟာ လန်ဒန်မှာ အယ်လ်ဟီလယ် အသင်းဥက္ကဋ္ဌနဲ့ တွေ့ဆုံခဲ့တာမှာ ဒီအသင်းရဲ့ တာဝန်ကို ယူမှာ မဟုတ် ဘူးဆိုပြီး ပြောခဲ့တယ်လို့ Sky Italia က ဖော်ပြခဲ့ပါတယ်။

မော်ရင်ဟိုနဲ့ ရိုးမားအသင်းကိုတွေ့ရစဉ် 

ဆော်ဒီနိုင်ငံဟာ ရော်နယ်ဒိုနဲ့ ဘန်ဇီမာကို ခေါ်ယူထားပြီး မော်ရင်ဟိုလည်း သူတို့လိဂ်ကို လာရောက်ဖို့ ဆွဲဆောင်ခဲ့ ပေမယ့် ပေါ်တူဂီလူမျိုး နည်းပြက ဒီရွေးချယ်ခွင့်ကို  မယူချင်တာ ဖြစ်ပါတယ်။

မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ရာသီက ရိုးမားအသင်းကို ယူရိုပါလိဂ် ဗိုလ်လုပွဲ ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ 

ဒါပေမယ့် အီတလီကလပ်ဟာ ဆီဗီလာအသင်းကို ပင်နယ်တီ အဆုံးအဖြတ်မှာ အရေးနိမ့်ခဲ့ပြီး မော်ရင်ဟိုဟာ ဒီပွဲ ကို ကိုင်တွယ်ခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီး အန်သိုနီတေလာကို အရှက်မရှိတဲ့သူဆိုပြီး ပြောခဲ့လို့ ယူအီးအက်ဖ်အေရဲ့ စွဲချက်တင်ခြင်းကို ခံထားရတာ ဖြစ်ပါတယ်။ 

မော်ရင်ဟိုနဲ့ ရိုးမားအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃၀ ရက်မှာ ကုန်ဆုံးမှာပါ။ 

မော်ရင်ဟိုရဲ့ ရိုးမားအသင်းဟာ ပြီးခဲ့တဲ့ရာသီ စီးရီးအေပြိုင်ပွဲမှာ အဆင့် ၆ နေရာနဲ့ ရာသီအဆုံးသတ်နိုင်ခဲ့လို့ လာမယ့်ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲကို ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ရိုးမားအသင်းဟာ အခု အပြောင်းအရွှေ့မှာ လိုင်ယွန်အသင်းနဲ့ စာချုပ်ကုန်ဆုံးခဲ့တဲ့ ဟာဆန်အူရာ၊ ဖရန့်ဖတ် အသင်းနဲ့ စာချုပ်ကုန်ဆုံးခဲ့တဲ့ အန်ဒီကာတို့ကို ခေါ်ယူထားပါတယ်။

Source: Goal