CNI Sport News

၂၀၂၃ ခုနှစ်၊ မေလ ၈

ပီအက်စ်ဂျီအသင်းဘောလုံးအကြံပေး လူးဝစ်ကမ်ပို့စ်ဟာ မော်ရင်ဟိုရဲ့အေးဂျင့်ဖြစ်သူနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ပြီးနောက် ပေါ်တူဂီလူမျိုးနည်းပြဟာ ဂယ်လ်တီယာနေရာကို အစားထိုးဝင်ရောက်ကာ ပြင်သစ် ကလပ်နည်းပြဖြစ်လာဖို့ စိတ်ဝင်စားနေပါတယ်။

လူးဝစ်ကမ်ပို့စ်ဟာ ပေါ်တူဂီမှာ ကောလိပ်ကျောင်းတက်ကတည်းက သိခဲ့တဲ့ မော်ရင်ဟိုကို ပီအက်စ်ဂျီ အသင်း နည်းပြသစ်အဖြစ် ခန့်အပ်ချင်နေတာပါ။ RMC Sport က ချန်ပီယံလိဂ်ဆုဖလားကို ၂ ကြိမ်ရယူထားဖူးတဲ့ မော်ရင်ဟိုဟာ ဂယ်လ်တီယာနေရာကို အစားထိုးဖို့အတွက် ပြီးပြည့်စုံတဲ့သူဖြစ်တယ်လို့ လူးဝစ်ကမ်ပို့စ်က ခံစား နေရကြောင်း ဖော်ပြထားပါတယ်။ကမ်ပို့စ်ဟာ မော်ရင်ဟိုနဲ့ တိုက်ရိုက်စကားပြောဆိုမှုတွေ မရှိသေးပေမယ့် ပေါ်တူဂီလူမျိုးနည်းပြရဲ့ အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်ဒက်စ်နဲ့တော့ ဆွေးနွေးမှုတွေ ပြုလုပ်ထားတာပါ။

ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ်နဲ့ ပြင်သစ်ဖလားပြိုင်ပွဲကနေ ထွက်ခွာထားရတာကြောင့် ဒီရာသီမှာ ရယူ နိုင်စရာဆုဖလားအဖြစ် လီဂူးဝမ်းဆုဖလားသာ ရှိတော့တာဖြစ်ပါတယ်။အဲဒါကြောင့် အသင်းတာဝန်ရှိသူတွေဟာ စိတ်ပျက်နေပြီး ရာသီအကုန်မှာ နည်းပြအပြောင်းအလဲပြုလုပ်ဖို့ အစီအစဉ်တွေရှိနေတာပါ။ ရိုးမားအသင်းဟာ မော်ရင်ဟိုရဲ့ လက်ထက်မှာ ပြီးခဲ့တဲ့ရာသီက ယူရိုပါကွန်းဖရန့်စ်လိဂ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်အောင် စွမ်းဆောင် ပေးထားပါတယ်။

ဒါ့အပြင် ပေါ်တူဂီလူမျိုးနည်းပြဟာ ဒီရာသီမှာ ရိုးမားအသင်းကို ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်ကို ပို့ဆောင်ပေးထားပြီး စီးရီးအေပြိုင်ပွဲမှာ အဆင့် ၄ နေရာက အင်တာမီလန်အသင်းနဲ့ ၅ မှတ်အကွာ အဆင့် ၇ နေရာမှာ ရပ်တည်နေတာပါ။ရိုးမားနဲ့ မော်ရင်ဟိုတို့ ချုပ်ဆိုထားတဲ့စာချုပ်ဟာ ၂၀၂၄ အထိ သက်တမ်းရှိနေတာ ဖြစ်ပါတယ်။ပီအက်စ်ဂျီအသင်းဟာ ဒီရာသီ လီဂူးဝမ်းပြိုင်ပွဲ ၃၄ ပွဲကစားအပြီးမှာ ဒုတိယနေရာက လန့်စ်အသင်းကို ၆ မှတ်ဖြတ်ထားတာကြောင့် အမှတ်ပေးချန်ပီယံဆုကို ရယူနိုင်ဖို့ နီးစပ်နေတာပါ။

ပီအက်စ်ဂျီအသင်းဟာ လာမယ့်လီဂူးဝမ်းပွဲစဉ်အဖြစ် အေဂျက်စီယိုအသင်းနဲ့ မေလ ၁၃ ရက်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

Source:Goal