CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၄

ဘရာဇီးလ်အသင်းကို ၂၀၀၂ ကမ္ဘာ့ဖလားရရှိအောင် ကိုင်တွယ်နိုင်ခဲ့တဲ့ စကိုလာရီဟာ နည်းပြလောကကနေ အနားယူပြီလို့ တနင်္ဂနွေနေ့က ကြေညာလိုက်ပါတယ်။

စကိုလာရီက “ကျနော် နည်းပြလောကကနေ အနားယူပါပြီ။ လက်ထောက်နည်းပြ ပေါ်လိုတူရာက ကျနော်တို့ရဲ့ နည်းပြ ဖြစ်လာမှာပါ။ ကျနော်ကတော့ နည်းစနစ် ဒါရိုက်တာအဖြစ် ဆောင်ရွက်မယ်”လို့ Furacao Live ကို ပြောခဲ့တာပါ။

စကိုလာရီဟာ ဘရာဇီးလ်ကလပ် အသလက်တီကို ပါရာနန့်စ် အသင်းကို အခုနှစ် မေလ အစောပိုင်းက ကိုင်တွယ် ခဲ့တာဖြစ်ပြီး ဘိုတာဖိုဂို အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ၂၀၂၂ ရာသီ နောက်ဆုံးပွဲစဉ် အပြီးမှာ နည်းပြ လောကကနေ အနားယူခဲ့တာ ဖြစ်ပါတယ်။

စကိုလာရီကို တွေ့ရစဉ် (The Straits Times)


အသလက်တီကို ပါရာနန့်စ် အသင်းဟာ ဘရာဇီးလ်စီးရီးအေ ပြိုင်ပွဲရဲ့ အဆင့် ၆ နေရာနဲ့ ရာသီအဆုံးသတ်ခဲ့တာပါ။

စကိုလာရီဟာ ဘရာဇီးလ်လက်ရွေးစင်အသင်းကို ၂ ကြိမ် ကိုင်တွယ်ခဲ့ပြီး ၂၀၀၁ ကနေ ၂၀၀၂ အထိ ကိုင်တွယ်ခဲ့ တုန်းက ၅ ကြိမ်မြောက် ကမ္ဘာ့ဖလားချန်ပီယံဆု ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၂ ကနေ ၂၀၁၄ အထိ ကိုင်တွယ်တဲ့ အချိန်မှာတော့ ၂၀၁၃ ကွန်ဖက်ဒရေးရှင်းဖလား ရယူနိုင်အောင် ကိုင်တွယ် ပေးခဲ့တာပါ။ စကိုလာရီဟာ ပေါ်တူဂီလက်ရွေးစင်အသင်းကို ၂၀၀၃ ကနေ ၂၀၀၈ အထိ ကိုင်တွယ်ခဲ့ပါသေးတယ်။

အသက် ၇၄ နှစ်အရွယ်ရှိ ဝါရင့်နည်းပြ စကိုလာရီဟာ ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးအသင်းကိုလည်း ကိုင် တွယ်ခဲ့ပြီး အောင်မြင်မှု ရယူပေးနိုင်ခဲ့ခြင်း မရှိပါဘူး။

စကိုလာရီဟာ ဘရာဇီးလ်ကလပ်၊ တရုတ်ကလပ်၊ ဂျပန်ကလပ်၊ ဆော်ဒီကလပ်တွေကိုလည်း ကိုင်တွယ်ခဲ့ပါတယ်။

Source: CNA