CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၆

စပို့တင်းလစ္စဘွန်း အသင်းနည်းပြ အမ်မိုရင်မ်က အသင်းအနေနဲ့ ရော်နယ်ဒိုကို ပြန်လည်ခေါ်ယူဖို့ အိမ်မက် ရှိပေမယ့် သူ့ရဲ့ မြင့်မားတဲ့ လစာတောင်းဆိုမှုကြောင့် ခက်ခဲမယ်လို့ ပြောလိုက်ပါတယ်။

အမ်မိုရင်မ်က “ ရော်နယ်ဒိုဟာ ထိပ်တန်းကစားသမားဖြစ်ပြီး ယူနိုက်တက် ကစားသမားပါ။ ပေါ်တူဂီက ဂျာနယ် လစ် တော်တော်များများက ကျနော့်ကို ဒီမေးခွန်းတွေ အများကြီးမေးကြပြီး ကျနော်ကလည်း ဒီလိုပဲ တုံ့ပြန်မှာပါ။ သူက ယူနိုက်တက် ကစားသမားပါ။ စပို့တင်းမှာရှိတဲ့ လူတိုင်းက ရော်နယ်ဒို ပြန်လာဖို့ အိမ်မက်တွေ ရှိကြပါတယ်။ ဒါပေမယ့် သူ့ရဲ့ လုပ်ခလစာ ပေးချေဖို့ ကျနော်တို့မှာ ပိုက်ဆံမရှိပါဘူး။ သူဟာ ဘောလုံး မကစားရတာကလွဲရင် ယူနိုက်တက်မှာ ပျော်နေတယ်လို့ ထင်ပါတယ်”လို့ စပါးနဲ့ ပွဲမတိုင်ခင် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါ တယ်။

စပို့တင်းလစ္စဘွန်း အသင်းနည်းပြ အမ်မိုရင်မ်ကိုတွေ့ရစဉ် (Goal)

ရော်နယ်ဒိုဟာ စပို့တင်းလစ္စဘွန်းအသင်းမှာ ကစားသမားဘဝ စတင်ခဲ့တာဖြစ်ပြီး ၁၉၉၇ ကနေ ၂၀၀၂ အထိ လူငယ်အသင်း၊ ၂၀၀၂ ကနေ ၂၀၀၃ အထိ စီနီယာအသင်းမှာ ကစားခဲ့တာ ဖြစ်ပါတယ်။

၂၀၀၃ အရောက်မှာ ယူနိုက်တက်အသင်းက သူ့ကို ခေါ်ယူခဲ့တာပါ။ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့က ရော်နယ်ဒို ယူနိုက်တက်အသင်းကနေ ထွက်ခွာခွင့် တောင်းချိန်မှာ စပို့တင်းလစ္စဘွန်းအသင်းနဲ့ သတင်းတွေ ထွက်ခဲ့သေးပါတယ်။

ရော်နယ်ဒိုရဲ့ မိခင်ဖြစ်သူက သူမကွယ်လွန်ခင် သူ့သား စပို့တင်းလစ္စဘွန်းအသင်းမှာ နောက်တစ်ကြိမ် ပြန်ကစား တာကို တွေ့ချင်ကြောင်း အရင်က ထုတ်ပြောခဲ့ဖူးပါတယ်။

စပို့တင်းလစ္စဘွန်း အသင်းမှာ ရော်နယ်ဒိုကစားခဲ့စဉ် (Goal)

ဒါပေမယ့် ရော်နယ်ဒိုကတော့ စပို့တင်းအသင်းဆီ မပြန်ချင်ပဲ အခြားထိပ်တန်း အသင်းကြီးတွေဆီသာ သွားရောက် ဖို့ ဆန္ဒရှိနေခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ဒီရာသီမှာ ယူနိုက်တက် အသင်းအတွက် ပွဲထွက်ကစားခွင့် နည်းပါးနေတာကြောင့် စိတ်ပျက်နေ သလို ပြီးခဲ့တဲ့ စပါးနဲ့ပွဲမှာ လူစားဝင်ခွင့် ငြင်းဆန်ခဲ့လို့ အသင်းရဲ့ အရေးယူခြင်းကိုလည်း ခံထားရပါတယ်။

အဲ့ဒါကြောင့် ရော်နယ်ဒိုကို နည်းပြဖြစ်သူက ချယ်လ်ဆီးအသင်းနဲပွဲမှာ လူစာရင်းကနေ ချန်လှပ်ခဲ့ပြီး လူငယ် အသင်းနဲ့သာ လေ့ကျင့်မှုတွေ ပြုလုပ်ခိုင်းခဲ့ပါတယ်။

ဒါပေမယ့် နည်းပြ အဲရစ်တန်ဟတ်နဲ့ ဆွေးနွေးမှုအပြီးမှာ ရော်နယ်ဒိုဟာ အသင်းကြီးနဲ့အတူ လေ့ကျင့်မှု ပြုလုပ်ခွင့် ရခဲ့ပြီး ရှရစ်ဖ်နဲ့ ကစားမယ့် ယူရိုပါလိဂ်ပွဲစဉ်မှာ ပွဲထွက်ပါဝင်ခွင့် ရဖွယ်ရှိတယ်လို့ သိရပါတယ်။

Source: Goal