ပြီးခဲ့သည့် ဇူလိုင် ၂၀ ရက်က တရုတ်ပြည်အရှေ့ပိုင်း နန်ကျင်းမြို့ရှိ လေဆိပ်လုပ်သားအနည်းငယ်တွင် တစ်နှစ်အတွင်း ပထမဆုံးကူးစက်မှုတွေ့ရပြီးနောက်ပိုင်း နောက်ထပ်ကူးစက်မှု မတွေ့ရတော့ခြင်းဟု ဆိုသည်။ ဇူလိုင်လကုန်ပိုင်းက တရုတ်နိုင်ငံတွင် ပိုးတွေ့လူနာ ၁၂၀၀ ကျော်ရှိကြောင်း တရုတ်အာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

တရုတ်နိုင်ငံတဝန်းတွင် ဒေသအလိုက် COVID-19 ဖြစ်ပွားသူအသစ်များကို ယခုဩဂုတ်လဆန်းပိုင်းက တဖန် များပြားလာသော်လည်း ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း ပြန်လည်ကျဆင်းသွားခဲ့သည်။ သို့သော် ရှန်ဟိုင်းမြို့နှင့် ဆက်စပ်နေသည့် လေဆိပ်နှစ်ခုရှိ ကုန်တင်ကုန်ချလုပ်သားများတွင် ရောဂါပိုးတွေ့ရပြီးနောက် လူရာပေါင်းများကို စောင့်ကြည့်ဌာန ပို့ခဲ့သည်။ ယင်းနောက်ပိုင်းတွင် ရှန်ဟိုင်းမြို့၌ ပြည်တွင်းကူးစက်လူနာအသစ် ထပ်မံ မတွေ့ရှိ ရတော့ကြောင်း တရုတ်အာဏာပိုင်များ၏အဆိုကို ကိုးကားပြီး Channel News Asia က ဆက်လက်ရေးသား ထားသည်။

တရုတ်လူဦးရေ သန်းပေါင်းများစွာရှိသည့်အတွက် ပိုးသယ်ဆောင်သူများကို ခွဲခြားရန်၊ ပိုးအမျိုးအစား ခွဲခြားရန်နှင့် ကုသပေးရန်တို့အပါအဝင် ရောဂါစောင့်ကြည့်စစ်ဆေးမှုကို လူအစုံလိုက်အပြုံလိုက် နိုင်နိုင်နင်းနင်း လုပ်ဆောင်ခဲ့ကြောင်း၊ ဒေသဆိုင်ရာ အာဏာပိုင်များက တင်းကြပ်သည့် အစီအမံများ ချမှတ်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဘဏ္ဍာရေးလုပ်ငန်းများစွာ တည်ရှိရာ ရှန်ဟိုင်းမြို့အနီးရှိ ကျန်စုပြည်နယ်၊ နန်ကျင်းမြို့နှင့် ရောင်ဇုမြို့တို့တွင် ဖြစ်ပွားမှုတွေ့ခဲ့ရသော်လည်း အသေအပျောက် မရှိခဲ့ပေ။

တရုတ်ပြည်မကြီးသို့ ရောက်လာသော ခရီးသွားများ၌ ရောဂါကူးစက်မှုအသစ်များအပါအဝင် ဩဂုတ် ၂၂ ရက်အထိ ပိုးတွေ့အတည်ပြုလူနာအသစ် ၂၁ ဦးရှိခဲ့ကြောင်း တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်က သတင်းထုတ်ပြန် သည်။

ယခုနှစ် ၂၀၂၁၊ ဩဂုတ်၂၂ ရက်အထိ တရုတ်ပြည်မကြီးတွင် ပိုးတွေ့အတည်ပြုလူနာ ၉၄,၆၅၂ ဦးရှိပြီး ဇန်နဝါရီ နှောင်းပိုင်းမှစ၍ COVID-19 ကြောင့် ၄,၆၃၆ ဦး သေဆုံးခဲ့သည်။

 

Source: Channel News Asia


#ဇူလိုင်

#ဘဏ္ဍာရေးလုပ်ငန်း

#တရုတ်ပြည်မကြီး

#COVID-19

#နန်ကျင်းမြို့

#ရောင်ဇုမြို့

#ရှန်ဟိုင်းမြို့

#ကျန်းမာရေး

#cninews

#CNIMyanmar

#ChannelNewsIndependent