CNI News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၉

ဂျပန်နိုင်ငံနိပွန်ဖောင်ဒေးရှင်းမှ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Covaxin ၁ သန်း ယနေ့ (ဇန်နဝါရီ ၉ ရက်) တွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

နိပွန်ဖောင်ဒေးရှင်းမှ လှူဒါန်းသည့် ကိုဗစ်ကာကွယ်ဆေး ၁ သန်းသည် ယနေ့ နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေ ဆိပ်သို့ ရောက်ရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမင်းနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့်တို့က လက်ခံ လွှဲပြောင်းယူခဲ့ ကြောင်း သိရသည်။

ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Covaxin Doses ၂ သန်းကို ပေးအပ် လှူဒါန်းမည်ဖြစ်ရာ ယနေ့ (ဇန်နဝါရီ ၉ ရက်)တွင် ပထမအသုတ် အနေဖြင့် ကာကွယ်ဆေး ၁ သန်း ရောက်ရှိလာခြင်းဖြစ်ပြီး ဒုတိယအသုတ်အနေဖြင့် ဇန်နဝါရီ ၂၃ ရက်တွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။