CNI News
၂၀၂၁ ခုနှစ်၊ ဇူလိူင် ၁၄
လူမှုကွန်ရက်စ်စာမျက်နှာပေါ်တွင် ပြန့်နေသော ရွှေပြည့်စုံဈေးရှိ ဆေးဆိုင်များ ပိတ်သိမ်းရမည်ဆိုသည့် သတင်းများနှင့် ပတ်သက်ပြီး ဈေးများပိတ်ရန် ညွှန်ကြားထားချက် မရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ(YCDC) ဈေးများဌာနမှ သိရသည်။
ရန်ကုန်မြို့ မင်္ဂလာဈေးရှိ ဆေးဆိုင်များကို ဇူလိူင်လ ၁၅ ရက်မှ စတင်ပြီး ၁၅ ရက်ခန့် ပိတ်သိမ်းရမည်ဆိုသော သတင်းများ လူမှုကွန်ရက်စ်စာမျက်နှာပေါ်တွင် ယမန်နေ့ ညမှစ၍ ထွက်ပေါ်နေခြင်းဖြစ်သည်။
ရန်ကုန်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရွှေပြည့်စုံဈေးရှိ ဆေးဆိုင်ပိုင်ရှင် မခင်ကျော့က “မမတို့ ဆီကိုတော့ ဆေးဆိုင်တွေ ပိတ်ဖို့ ညွှန်ထားတာ မရှိပါဘူး”ဟု CNI သတင်းဌာနသို့ အတည်ပြုပြောပြသည်။
YCDC ဈေးများဌာန ရန်ကုန်တောင်ပိုင်း တာဝန်ရှိသူ တစ်ဦးကလည်း ဆေးဆိုင်များကို ၁၅ ရက်နေ့တွင် ပိတ်ရမည်ဟု မည်သူ မှ ညွှန်ကြားထားခြင်းမရှိကြောင်း ဆိုသည်။
YCDC ဈေးများဌာန ရန်ကုန်တောင်ပိုင်း တာဝန်ရှိသူ တစ်ဦးက “ဆေးဆိုင်တွေ ၁၅ ရက်ပိတ်ရမယ်လို့ ဘယ်သူ့မှ မပြောပါဘူး။ ဒါက မဟုတ်ပါဘူး။ ကိုဗစ်-၁၉ ညွှန်ကြားချက်အတိုင်းပဲ လုပ်ရမှာပါ။ ဈေးတွေ ပိတ်ဖို့ ညွှန်ကြားထားတာလည်း တစ်ခုမှ မရှိပါ ဘူး။ ဒါပေမယ့် Stay at Home ပါတဲ့ နေရာတွေကတော့ ကိုဗစ်ညွှန်ကြားချက်နဲ့အညီ ရောင်းကုန်တွေက ရောင်းချဖို့ ပြော ထားတာ ရှိပါတယ်”ဟု CNI သတင်းဌာနသို့ အတည်ပြုပြောသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကြေညာထားသည့် Stay at Home မြို့နယ်များတွင် ပါဝင်သော ဈေးများရှိ အဝတ် အထည်၊ လျှပ်စစ်၊ ကုန်မာပစ္စည်းများ ရောင်းချသော ဆိုင်များကို ယာယီပိတ်ထားသော်လည်း ပြည်သူများအတွက် အဓိက လိုအပ်သော အခြေခံစားသောက်ကုန် ရောင်းချသည့် ဆိုင်များနှင့် ဆေးဆိုင်များကို ပိတ်သိမ်းခိုင်းထားခြင်းမရှိကြောင်း ၎င်းက ရှင်းပြသည်။
YCDC ဈေးများဌာန ရန်ကုန်မြောက်ပိုင်း ဒုဌာနမှူး ဦးသောင်းတင်က “ကျနော်တို့ မြောက်ပိုင်းဌာနမှာလည်း Stay at Home မြို့နယ်များကိုတော့ ယာယီပိတ်ဖို့ ညွှန်ကြားထားပါတယ်။ လူသုံးကုန်၊ ဆေးဝါးတို့ စားသောက်ကုန်တို့ကိုတော့ ဖွင့်ခွင့်ပေး ထားပါတယ်။ ကျန်တဲ့ ကုန်မာပစ္စည်း ၃ မျိုးလောက်ကိုသာ ယာယီပိတ်ဖို့ ပြောထားတာပါ”ဟု ရှင်းပြသည်။
လက်ရှိတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ရန်ကုန်တိုင်းအတွင်းရှိ မင်္ဂလာဒုံမြို့နယ်၊ မှော်ဘီမြို့နယ်၊ ရွှေပြည်သာ မြို့နယ်၊ လိူင်သာယာမြို့နယ်၊ အင်းစိန်မြို့နယ်၊တောင်ဥက္ကလာပမြို့နယ်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ မြောက်ဥက္ကလာပ မြို့ နယ်၊ ဗဟန်းမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကင်းမြို့နယ်၊ စမ်းချောင်းမြို့နယ်၊ ဒဂုံမြို့နယ်၊ လိူင်မြို့ နယ်၊ သာကေတမြို့နယ်၊ တာမွေမြို့နယ်၊ တိုက်ကြီးမြို့နယ်၊ ခရမ်းမြို့နယ်၊ ကမာရွတ်မြို့နယ်၊ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် စသည့်မြို့နယ်များကို Stay at Home သတ်မှတ်ထားသည်။
#YCDC #ဈေးများဌာန #ဈေးများပိတ်ခိုင်းခြင်းမရှိ #ဆေးဆိုင်များပိတ်ခိုင်းခြင်းမရှိ #ကိုဗစ်၁၉ #ကျန်းမာရေး #မင်္ဂလာတောင်ညွှန့်မြို့နယ် #ရွှေပြည့်စုံဈေး #မင်္ဂလာဈေး #ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန #Stay at Home