CNI News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၃၀

ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ပူးပေါင်းဆောင်ရွက်မှု စံပြစီမံကိန်း တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံသို့ အကူအညီပေးခြင်း လွှဲပြောင်းသည့် အခမ်းအနားကို ယနေ့ (ဒီဇင်ဘာ ၃၀ ရက်) နေပြည်တော်တွင် ကျင်းပခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံရုံးက ထုတ်ပြန်ခဲ့သည်။

၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလက စီမံကိန်း စတင်ဆောင်ရွက်ခဲ့ပြီး အေးချမ်းသာနှင့် မင်းပြင် စံပြကျေးရွာ နှစ်ရွာအတွက် လမ်း များ၊ သောက်သုံးရေ စီမံကိန်းများ၊ ရပ်ရွာဖွံ့ဖြိုး တိုးတက်ရေးစင်တာ၊ စာသင်ကျောင်းဆောင် စသည့် တည်ဆောက်ရေး လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ပေးခဲ့သည်ဟု တရုတ်သံရုံး၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ထို့အပြင် စိုက်ပျိုးရေးနှင့် မွေးမြူရေးသင်တန်းများ၊ ရပ်ရွာပတ်ဝန်းကျင် စီမံအုပ်ချုပ်ရေး အတွေ့အကြုံများ မျှဝေခြင်း စသည့် ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်ခဲ့ပြီး ဒေသခံပြည်သူများကို အကျိုးပြုခဲ့ကြောင်း  တရုတ်သံရုံးက ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai က “တရုတ်နိုင်ငံသည် ဆက်လက်၍ မြန်မာနိုင်ငံနှင့်အတူ ဆင်းရဲ ခြင်း ကင်းလွတ်ရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး စသည့် အတွေ့အကြုံများ မျှဝေ၍ စံနှုန်းမြင့်မားရေး၊ စဉ်ဆက် မပြတ်ရေး၊ ပြည်သူလူထုဘဝကို အကျိုးပြုရေး စသည့် ရည်မှန်းချက်များဖြင့် မြန်မာနိုင်ငံ၏ ကျေး လက် ပြည်သူလူထု အကျိုးပြု အခြေခံ အဆောက်အအုံများ ကောင်းမွန်လာစေရေးအတွက် ဆက်တိုက် ပံ့ပိုးကူညီအားပေး ကာ စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ရေး နည်းပညာ အဆင့်အတန်းများ မြင့်မားရေး၊ လယ်ယာထွက်ကုန်များ တရုတ်နိုင်ငံသို့ တိုး မြှင့် တင်ပို့နိုင်ရေးတို့ကို တွန်းအားပေးသည်” ဟု ပြောသည်။

မြန်မာပြည်သူများ ဆင်းရဲခြင်းမှ လွတ်ကင်းပြီး ချမ်းသာစေရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အားဖြည့်ပေး သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ပုံ-တရုတ်က NSPNC  ကို ငြိမ်းချမ်းရေးအတွက် ထောက်ပံ့ငွေပေးအပ်နေစဉ်

ဒီဇင်ဘာ ၂၉ ရက်နေ့ကလည်း တရုတ်သံရုံးက မြန်မာနိုင်ငံငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် အမျိုးသားစည်းလုံးညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)သို့ အမေရိကန်ဒေါ်လာ ၃ သိန်း၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC) သို့ အမေရိကန်ဒေါ်လာ ၂ သိန်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၅ သိန်း ထောက် ပံ့ပေးအပ်ခဲ့သေးသည်။