CNI International News
တိုကျို၊ စက်တင်ဘာ ၆
တရုတ်ဘဏ္ဍာရေးဝန်ကြီးဌာနက ငွေကြေးထောက်ပံ့ပေးထားသည့် မြေရှားသတ္တုတူးဖော်ရေး Shenghe Resources Holding ကုမ္ပဏီသည် ဩစတြေးလျ မြေရှားတူးဖော်ရေးကုမ္ပဏီဖြစ်သော Peak Rare Earths ကုမ္ပဏီကို အလုံးစုံ လွှဲပြောင်းရယူရန်အတွက် ရှယ်ယာစျေးနှုန်းများကို ၂၃ ရာခိုင်နှုန်းအထိ တိုးမြှင့်ကမ်းလှမ်း ခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
မေလက Shenghe ကုမ္ပဏီသည် Peak ကုမ္ပဏီကို စျေးကွက်တန်ဖိုး ဩစတြေးလျဒေါ်လာ သန်း ၁၅၀ အပြင် ခံစားရပိုင်ခွင့် ငွေကြေးအဖြစ် ဩစတြေးလျဒေါ်လာ ၇ သန်းခွဲဖြင့် ကမ်းလှမ်းခဲ့ပြီး ရှယ်ယာတစ်ခုအတွက် ငွေကြေး အဖြစ် ဩစတြေးလျဒေါ်လာ ၀ ဒသမ ၃၆ ဒေါ်လာ ကမ်းလှမ်းခဲ့သည်။
စက်တင်ဘာ ၅ ရက်တွင်မူ Shenghe ကုမ္ပဏီက ရှယ်ယာတစ်ခုအတွက် အနိမ့်ဆုးငွေကြေး ဩစတြေးလျဒေါ်လာ ၀ ဒသမ ၄၄၃ အထိ တိုးမြှင့်ပေးခဲ့သည်။
ထိုပမာဏအရ ယခင် အဆိုပြုချက်နှင့် နှိုင်းယှဉ်ပါက အနိမ့်ဆုံး ငွေကြေးပမာဏ ၂၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ သည်။
ထို့ကြောင့် ယခင် အဆိုပြုချက်တွင် Peak ကုမ္ပဏီ၏ စျေးကွက်တန်ဖိုးနှင့် ခံစားရရှိပိုင်ခွင့် ငွေကြေး စုစုပေါင်းသည် ဩစတြေးလျဒေါ်လာ ၁၅၈ သန်းနီးပါးရှိခဲ့ရာမှ ယခုအဆိုပြုချက်တွင် ဩစတြေးလျဒေါ်လာ ၁၉၅ သန်းအထိ ရောက်ရှိလာစေခဲ့သည်။
သတ္တုတူးဖော်နေစဉ်
ကမ်းလှမ်းချက် အသစ်အရ ရှယ်ယာရှင်များသည် စက်တင်ဘာ ၄ ရက်တွင် ပိတ်သည့် ရှယ်ယာစျေးနှုန်းများထက် အထူးခံစားခွင့် ၃၂ ရာခိုင်နှုန်းကို ပိုမိုရရှိမည်ဖြစ်သည်။
Shenghe ကုမ္ပဏီကမူ ၎င်းတို့၏ ယခုကမ်းလှမ်းချက်သည် အကောင်းဆုံးဖြစ်ပြီး နောက်ဆုံးအကြိမ် ကမ်းလှမ်းမှု ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Peak ကုမ္ပဏီ လွတ်လပ်သည့် ဘုတ်အဖွဲ့ ကော်မတီက ထိုကမ်းလှမ်းချက်ကို တညီတညွတ်တည်း ထောက်ခံခဲ့ ကြပြီး ရှယ်ယာရှင်များအတွက် အကောင်းဆုံး အကျိုးအမြတ်များကို ရရှိစေလိမ့်မည်ဟု သုံးသပ်ထားကြသည်။
Source: Nikkei Asia