CNI New
၂၀၂၅ ခုနှစ်၊ ဇူလိူင် ၂၂
နစကအနေဖြင့် ပြည်သူ့စစ်မှုထမ်းများအတွက် မည်သည့် အလုပ်အကိုင်များကို ဖန်တီးထားကြောင်း အများပြည် သူသို့ ချပြရန်လိုအပ်သည်ဟု တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
စစ်မှုထမ်း တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေးအတွက် “စစ်မှုထမ်း တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေး စီမံခန့်ခွဲမှုကော်မတီ”ကို ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၈ ရက်နေ့စွဲဖြင့် ဖွဲ့စည်းခဲ့ ကြောင်း နစက,က ထုတ်ပြန်ခဲ့သည်။
အဆိုပါ ကော်မတီတွင် ဒုဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီး(ဥက္ကဋ္ဌ)၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး(ဒုဥက္ကဋ္ဌ-၁)၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ(ဒုဥက္ကဋ္ဌ-၂)၊ စစ်ရေးချုပ်(ဒုဥက္ကဋ္ဌ-၃) နစကဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၄)မှ ပြည်ထောင်စုဝန် ကြီး (အတွင်းရေးမှူး)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ပြန်လည်နေရာ ချထားရေး ညွှန်ကြားရေးမှူးရုံး- ညွှန်ကြားရေးမှူး(တွဲဖက်အတွင်းရေး)တို့ ပါဝင်ကြသည်။
စစ်မှုထမ်း တာဝန်ကျေပွန်သူများ အလုပ်အကိုင်ရရှိရေး ကော်မတီဖွဲ့စည်းသည့်တိုင် မည်သည့် အလုပ်အကိုင် များကို ဖန်တီးပေးထားသလဲ ဆိုသည်ကို ပြည်သူလူထုအား ချပြရန်လိုအပ်ကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသား များ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
စစ်မှုထမ်းများ အလုပ်အကိုင်ရရှိရေးစီမံခန့်ခွဲရေးကော်မတီ ဖွဲ့စည်းကြောင်းထုတ်ပြန်ချက်ကို တွေ့ရစဉ်
၎င်းက “ဒီအခုနေချိန် ထုတ်ပြန်လိုက်တဲ့ ဥပဒေကတော့ လောလောဆယ် ဒီစစ်မှုထမ်းသွားတဲ့ လူတွေအတွက်ပဲလို့ ကျနော့် အနေနဲ့ မြင်ပါတယ်။ ပြီးသွားတဲ့ ၂ နှစ် တာဝန်ကျေပြီးတဲ့ လူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်း လုပ်ပေးလိမ့်မယ်လို့တော့ ကျနော့် အနေနဲ့မြင်တာပေါ့။ ဒီတပ်မတော် အသိုင်းအဝိုင်းမှာ ကျတော့ တပ်မတော် ပြင်ပ ရောက်သွားရင်လည်း သူတို့ ရာထူးကြီးငယ်တန်း အဆင်ပြေရင်ပြေသလိုမျိုး ပြန်ပြန်ပြီးမှ အောက်လက်ငယ်သား တွေ ပြန်စုပြီးမှ အလုပ်ကိုင် အခွင့်လမ်းပေးတာမျိုးတွေ တွေ့ရှိရတဲ့ အတွက်ကြောင့် မို့လို့လေ။ အဲတာ အခု ဒီလို မျိုး စာအုပ်ရောင်းတဲ့ ကိစ္စလေးတွေကလည်း သူအကြောင်းတရား တစ်ခုခုတော့ ရှိမှာပါ။ တချို့တွေကျတော့ လည်း ဒါအထက်က ဥပဒေတစ်ခု ထုတ်လိုက်ပြီ၊ အသင်းအဖွဲ့တစ်ခု လုပ်လိုက်ပြီဆိုရင် အောက်ခြေမှာကတော့ စေတနာ သန့်သန့်နဲ့ပေါ့နော်၊ ဒီလူတွေကို အကျိုးခံစားခွင့်တွေ ဘယ်လိုလုပ်ပေးမယ်ဆိုတဲ့ ကဏ္ဍမျိုးတွေ ဆောင် ရွက် ပေးကြရင်တော့ တိုင်းပြည်တွက် ကောင်းသွားမယ်။ အခုစစ်မှုထမ်း ပြန်လာတယ် ကလေးတွေ ဒီနေရာတွေ လုပ်ပေးတယ် တပ်မတော်က ဒါမျိုးတွေ လုပ်ပေးထားရင်လည်း ပေးထားသလို လူထုသိအောင် ချပြဖို့တော့ လိုတာပေါ့”ဟု ပြောသည်။
အဆိုပါ ကော်မတီသည် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီးသော ပြည်သူ့စစ်မှုထမ်းများသည် ရန်သူကြောင့် မသန်စွမ်းဖြစ်မှု EA1၊ EA2 နှင့် NEA များကို အမြဲတမ်း စစ်မှုထမ်းများနည်းတူ စစ်ရေးချုပ်ရုံးကွပ်ကဲမှုအောက် ပြည်လည်နေရာချထားရေးညွှန်ကြားရေးမှူးရုံး အစီအစဉ်ဖြင့် အမြဲတမ်း စစ်မှုထမ်း EA များနည်းတူ ပြန်လည် နေရာချထားနိုင်ရေး ဆောင်ရွက်ပေးရန် တာဝန်ရှိသည်။
စစ်မှုထမ်းများ အလုပ်အကိုင်ရရှိရေး ကော်မတီဖွဲ့စည်းမှုက ကောင်းမွန်ကြောင်း၊ သို့သော် လက်တွေ့ မြေပြင်တွင် တကယ် အကျိုးခံစားခွင့်ရရှိအောင် ဆောင်ရွက်ပေးမှသာလျှင် လူထု၏ ထောက်ခံမှုကို ရရှိမည်ဖြစ်ကြောင်း၊ လက် တွေ့ အောက်ခြေစစ်မှုထမ်းများ၏ အခြေအနေကို ပြန်လည် စုံစမ်းကြည့်မည်ဆိုပါက ဘယ်လိုအခြေအနေများ ဖြစ်ပေါ်နေသည်ကို တွေ့ရမည်ဖြစ်ကြောင်း တပ်မတော်အသိုင်းအဝန်းနှင့်နီးစပ်သူများက ထောက်ပြကြသည်။
စစ်မှုထမ်းများသည် စစ်တပ်က ထွက်လျှင် ပင်စင်ရကြသလို ဒဏ်ရာရသည့် လူများကို ၎င်းတို့က အကူလစာမျိုး တစ်ဖက်မှ လုပ်သင့်လုပ်ထိုက်တာများ လုပ်ပေးထားမှုများ ရှိသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ အောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။
စစ်မှုထမ်းများကို တွေ့ရစဉ်
၎င်းက “သူသတ်မှတ် ထားတာရှိတယ်လေ၊ ဥပဒေမှာက။ သူက ဟိုလေ ၂ နှစ်ပေါ့ ၂ နှစ်ပြီးရင် ထွက်ခွင့်ပေးရ တယ်လေ။ ဒါမှလည်း ကျန်တဲ့လူက ထပ်ဝင်တော့မှာပေါ့။ ထွက်မဲ့လူတွေ အတွက်ကို အလုပ်အကိုင် အဆင် မပြေရင် ပြေအောင်လုပ်ပေးဖို့ပေါ့နော်။ သူ့ဥပဒေမှာတော့ ပါပြီးသားပါ။ ဒါပေမယ့် နိုင်ငံတော်က အသေးစိတ် စီစဥ်ပေးတဲ့ သဘောပါ။ ဒဏ်ရာရတဲ့ လူတွေဆိုပါတော့ သူတို့ကို အကူလစာပေးတာတို့၊ ဘာတို့ဆိုတဲ့ တစ်ဖက်က လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ပေးထားတာရှိပါတယ်။ တချို့ကျတော့လည်း အပြင်ထွက်လို့ရှိရင် အလုပ်လုပ် ရမှာလေ။ အဲတာကို ဒါစစ်သားဟောင်းပါဆိုပြီးတော့ ယူနီဖောင်းလေးတွေ ပြောင်းပြီးတော့ စာအုပ်ရောင်း ဘာ ရောင်းနဲ့ လူတွေ သနားအောင် လုပ်ပြတာပေါ့။ ကျနော်တို့က ဒီပက်ပက်စက်စက်ကြီး ငြင်းပယ်လို့က မကောင်း ပါဘူး။ စစ်တပ်က ထွက်ပြီဆိုလို့ရှိရင်တော့ ပင်စင်ကတော့ ရကြတာပဲလေ။ တပ်ပြေးဆိုရင်တော့ ဘယ်ရမလည်း ပေါ့။ ထွက်တာနဲ့ အမြန်ဆုံး အဆင်ပြေအောင် လုပ်ပေးဖို့ လူကြီးတွေက လမ်းညွှန်ချက်တွေ ချထားပါတယ်။ ပေးသင့်ပေးထိုက်တဲ့ ဟာကတော့ ပြည့်ပြည့်ဝဝ မရဘူးဆိုတာကတော့ မရှိပါဘူး”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က စတင် ပြောင်းလဲလာသော နိုင်ငံရေးအကျပ်အတည်းနှင့်အတူ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် စစ်မှုထမ်းဥပဒေကို အသက်သွင်း၍ နိုင်ငံသားများကို စစ်မှုထမ်းခေါ်ယူခဲ့ သည်မှာ အပတ်စဉ်(၁၅)အထိ ရောက်ရှိနေပြီးဖြစ်သည်။
နစကသည် စစ်မှုထမ်းများကို တစ်ပတ်စဉ်လျှင် လူဦးရေ ၅၀၀၀ နှုန်းခေါ်ယူခဲ့သည့်အတွက် ယခု အပတ်စဉ် (၁၅) ထိရောက်ရှိလာပြီးဖြစ်၍ လူဦးရေ ၇၅၀၀၀ ရှိပြီးဖြစ်သည်။