CNI International News

ဟောင်ကောင်၊ ဇူလိုင် ၁၄

ဟောင်ကောင်၏ ဘဏ္ဍာရေးအကြီးအကဲသည် တောင်ကိုရီးယားနှင့် စီးပွားရေးလုပ်ငန်းများ ဆက်ဆံရေးကို ပိုမိုနီးကပ်စေရန် မဟာဗျူဟာမြောက် အစီအစဉ်ကို လုပ်ဆောင်ခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။

ရင်းနှီးမြုပ်နှံသူများက ဟောင်ကောင်၏ ဒစ်ဂျစ်တယ် ငွေကြေးသုံးစွဲမှု မူဝါဒကို စိတ်ဝင်စားနေကြပြီး ပထဝီ နိုင်ငံရေး တင်းမာမှုများ မြင့်တက်နေချိန်တွင် ဟောင်ကောင်သည် နိုင်ငံတကာစျေးကွက်များ၌ ကြီးမားသည့် အချိတ်အဆက်တစ်ခုအဖြစ် ပေါ်ထွက်လာခဲ့သည်။

ဟောင်ကောင်ဘဏ္ဍာရေး အတွင်းရေးမှူး ပေါလ်ချန်မိုပို (Paul Chan Mo-po) သည် ဇူလိုင် ၁၀ ရက်က တောင်ကိုရီးယားကို ၃ ရက်ကြာ သွားရောက်ခဲ့ပြီး တိုက်ရိုက်ကုန်သွယ်မှုများ ပြုလုပ်ရန် အဆိုပြုခဲ့သည်။

ချန်က တောင်ကိုရီးယား၏ ရင်းနှီးမတည်ငွေများ သိသိသာသာ မြင့်တက်လာသည့် အချက်အလက်များကို ကိုးကားပြောဆိုခဲ့သည်။

ဟောင်ကောင်ရှိ ကိုရီးယား လိုင်စင်တင်ထားသည့် ကုမ္ပဏီများ၏ ရှယ်ယာစျေးနှုန်းများသည် ယခုနှစ် ပထမ ၅ လအတွင်း ဟောင်ကောင်ဒေါ်လာ ၁ ဒသမ ၅ ထရီလျံကျော်အထိ မြင့်တက်ခဲ့သည်။

ဟောင်ကောင်ကို ‌တွေ့ရစဉ်

ထိုပမာဏသည် ၂၀၂၄ ခုနှစ် တစ်နှစ်လုံးက ပမာဏထက် ၂ ဒသမ ၈ ဆခန့် ပိုမိုများပြားနေသည်ဟု ချန်က ပြောကြားခဲ့သည်။

"မကြာသေးခင် နှစ်တွေတုန်းက ကပ်ရောဂါရဲ့ သက်ရောက်မှု၊ ပထဝီနိုင်ငံရေး တင်းမာမှုတွေကြောင့် ဟောင်ကောင်မှ ရင်းနှီးမြှုပ်နှံမှုတွေ လျော့ကျခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ ဟောင်ကောင်ရဲ့ အခန်းကဏ္ဍကို ရင်းနှီးမြှုပ်နှံသူတွေက နားလည်သွားပါပြီ" ဟု ၎င်းက ဆိုသည်။

ဟောင်ကောင်သည် ကိုရီးယားစီးပွားရေး လုပ်ငန်းများအတွက် တည်ငြိမ်သည့် တံတားတစ်စင်းကဲ့သို့ ဖြစ်လာ နိုင်ပြီး ဟောင်ကောင်၏  Greater Bay Area အမည်ရှိ ဒေသ၏ အရေးကြီးပုံကိုလည်း ချန်က ပြောကြားခဲ့သည်။

Greater Bay Area (GBA) အမည်ရှိ စုပေါင်းမြို့ဖွဲ့စည်းမှုသည် တရုတ်၏ အစီအစဉ်ဖြစ်ပြီး ဟောင်ကောင်၊ မကာအိုနှင့် တရုတ်၏ ကွမ်တုံပြည်နယရှိ မြို့ ၉ မြို့ကို ချိတ်ဆက်ဖွဲ့စည်းရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။

Source: South China Morning Post