CNI International News

တိုကျို၊ ဖေဖော်ဝါရီ ၂

ပြီးခဲ့သည့်နှစ်က တရုတ်သည် ဂျပန်ကို ကျော်တက်ပြီး ကမ္ဘာ့နံပါတ် ၁ ကားတင်ပို့ရောင်းချမှု အများဆုံးနိုင်ငံ ဖြစ်လာခဲ့သည်ဟု ဂျပန်မော်တော်ယာဉ် လုပ်ငန်းအဖွဲ့၏ အချက်အလက်များကို ကိုးကားပြီး အေပီမှ ဖော်ပြခဲ့ သည်။

၂၀၂၃ ခုနှစ်အတွင်း ဂျပန်သည် မော်တော်ယာဉ်အစီးရေ ၄ ဒသမ ၄၂ သန်း တင်ပို့ရောင်းချခဲ့ပြီး ၂၀၂၂ ခုနှစ်ကထက် ၁၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ ပြည်တွင်းဈေးကွက်တွင် မော်တော်ယာဉ် အစီးရေပေါင်း ၄ ဒသမ ၇၈ သန်း နီးပါး ရောင်းချခဲ့သည်ဟု ဂျပန်မော်တော်ယာဉ် ထုတ်လုပ်သူများအသင်းက ထုတ်ပြန်ခဲ့သည်။ 

တရုတ်မော်တော်ယာဉ် ထုတ်လုပ်သူများအသင်း၏ ထုတ်ပြန်ချက်တွင် ၂၀၂၃ ခုနှစ်အတွင်း တရုတ်သည် မော်တော်ယာဉ် အစီးရေ ၄ ဒသမ ၉၁ သန်း တင်ပို့ရောင်းချခဲ့ပြီး ၂၀၂၂ ခုနှစ်ကထက် ၅၈ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့သည်ဟု ဖော်ပြထားသည်။ 

Toyota ကုမ္ပဏီထုတ်ကားတွေကို တွေ့ရစဉ်

တရုတ်သည် လျှပ်စစ်ကားများနှင့် နှစ်မျိုးစပ်ကားများ ရောင်းချနိုင်ခဲ့မှုကြောင့် ထိုကဲ့သို့ ကားအစီးရေ အများအပြား တင်ပို့ရောင်းချနိုင်ခဲ့ခြင်း ဖြစ်သည်။

၂၀၂၂ ခုနှစ်က ဂျပန်သည် ကားအစီးရေ ၄ ဒသမ ၂ သန်း တင်ပို့ရောင်းချနိုင်ခဲ့ပြီး ၂၀၁၇ ခုနှစ်နောက်ပိုင်း ကမ္ဘာပေါ် တွင် မော်တော်ယာဉ် တင်ပို့ရောင်းချမှု အများဆုံးနိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။ 

ဂျပန်၏ ပြည်တွင်းဈေးကွက်တွင်  မော်တော်ယာဉ် ရောင်းချနိုင်မှုသည် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ကျဆင်းခဲ့ သည်။

Toyota ကုမ္ပဏီနှင့် အခြား ဂျပန် ကားထုတ်လုပ်သည့် ကုမ္ပဏီများသည် လျှပ်စစ်ကားများကိုလည်း ထုတ်လုပ် နေပြီး နှစ်မျိုးစပ်ကားများ၊ ဘက်ထရီများနှင့် အခြား မော်တော်ယာဉ် စနစ်များ ထုတ်လုပ်ရန်လည်း ရင်းနှီးမြှုပ်နှံ ခဲ့ကြသည်။ 

Source: အေပီ