CNI News

၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၀

ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များဖြင့် ပြည့်နှက်နေသည့် ပုဂံယဉ်ကျေးမှုနယ်မြေ အလိုတော်ပြည့်ဘုရား အနီးမှာ ကြက်ဆင်မွေးမြူရေးခြံတစ်ခု ဆောက်လုပ်၍ မွေးမြူရေးလုပ်ငန်း တစ်ခုကို တွေ့ရသည်။

အဆိုပါ ကြက်ဆင်မွေးမြူရေး လုပ်ငန်းသည် ဘုရားကြီး၏ အုတ်ရိုးကို ခြံခတ်၍ သံဇကာများဖြင့် ဆောက်လုပ် ထားခြင်း ဖြစ်သည်ကို တွေ့ရသည်။

ထို့ကြောင့် ဒေသခံများနှင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းသူများကြား ဝေဖန်မှုများ မြင့်တက် လာခဲ့သည်။

ပုဂံဒေသသည် ယူနက်စကိုဝင်ထားသည့် ရှေးဟောင်းယဉ်ကျေးမှု ဒေသဖြစ်သည့်အတွက် ယခုလို ဘုရားကြီး အနီး မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေခြင်းကို ပိတ်ပင် တားမြစ်သင့်ကြောင်း ပုဂံဒေသကို ချစ်မြတ်နိုးကြသော ခရီးသွားမိဘပြည်သူများက ရေးသား အကြံပြုလျက်ရှိသည်။