- By CNI
- Category: အားကစား
- Hits: 1441
CNI Sport News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၃
အာဂျင်တီးနား၊ ချီလီ၊ ပါရာဂွေးနဲ့ ဥရုဂွေးတို့ဟာ ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ်ကျင်းပဖို့ ဖီဖာထံ တင်သွင်းလိုက်ပြီဖြစ်ပါတယ်။
ဒီတင်သွင်းမှုအောင်မြင်ခဲ့မယ်ဆိုရင် ပထမဆုံးအကြိမ်ကျင်းပခဲ့တဲ့ ၁၉၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဥရုဂွေးနိုင်ငံက အိမ်ရှင်အဖြစ် ဆောင်ရွက်ခဲ့ပြီးနောက် ရာစုနှစ်တစ်ခုအကြာမှာ ဥရုဂွေးနိုင်ငံကို ပြန်လည်ရောက်ရှိစေမယ့် ကြိုးပမ်းမှုဖြစ်လာမှာပါ။တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒိုမီနီဂွတ်စ်က “ဒါက တိုက်ကြီးတစ်ခုရဲ့ အိပ်မက်ပါပဲ။ကမ္ဘာ့ဖလားပြိုင်ပွဲတွေအများကြီးရှိခဲ့ပေမယ့် အခုတော့ အိမ်ကိုပြန်ဖို့ လိုအပ်ပြီ”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
၁၉၃၀ က ပထမဆုံးအကြိမ်ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ အိမ်ရှင် ဥရုဂွေးက အာဂျင်တီးနားအသင်းကို အနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တောင်အမေရိကနိုင်ငံတွေဖြစ်တဲ့ ဘရာဇီးလ်၊ အာဂျင်တီးနားနဲ့ ချီလီတို့ကလည်း အိမ်ရှင်အဖြစ် ဆောင်ရွက်ခဲ့ဖူးပါတယ်။ “ကမ္ဘာ့ဖလားပြိုင်ပွဲကို ကျင်းပတာ နှစ် ၁၀၀ အကြာမှာတော့ စတင်ကျင်းပတဲ့ နိုင်ငံကပဲ အိမ်ရှင်ဖြစ်သင့်တယ်” လို့ ဥရုဂွေးဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အစ်ဂ်နာဆီယိုအလွန်ဆို က ပြောခဲ့ပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို မြောက်အမေရိကနိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါတို့က ပူးတွဲ အိမ်ရှင်အဖြစ် ကျင်းပမှာဖြစ်ပြီး ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ၄ နိုင်ငံက ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပနိုင်မယ် လို့ တောင်အမေရိကဘောလုံးအဖွဲ့ချုပ်က ယုံကြည်နေတာပါ။ဥရောပနိုင်ငံကြီးဖြစ်တဲ့ စပိန်နဲ့ ပေါ်တူဂီတို့ကလည်း ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပဖို့ ပြီးခဲ့တဲ့လက ဖီဖာထံ တင်သွင်းခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် တောင်အမေရိကတိုက်ဟာ အဆိုပါ ၂ နိုင်ငံနဲ့ ပြိုင်ဆိုင်ရဖို့ ရှိနေတာပါ။
တောင်အမေရိကတိုက်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂၀၁၄ က ဘရာဇီးနိုင်ငံမှာ အိမ်ရှင်အဖြစ် နောက်ဆုံးလက်ခံ ကျင်းပခဲ့တာဖြစ်ပြီး ဒီပြိုင်ပွဲမှာ ဂျာမနီက ချန်ပီယံဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
Source:ChannelNewsAsia
- By CNI
- Category: အားကစား
- Hits: 1567
CNI Sport News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၃
ဂျူဗင်တပ်စ်ကစားသမား ပေါ့ဘာဟာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားချင်တာကြောင့် ဒူးကို ခွဲစိတ်မှု မပြုလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။
ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီး အခုအပြောင်းအရွှေ့မှာ ဂျူဗင်တပ်စ်အသင်းထံ ပြန်လည် ရောက်ရှိလာခဲ့တဲ့ ပေါ့ဘာဟာ အသင်းရဲ့ရာသီကြို ခြေစမ်းခရီးစဉ်အတွင်း လေ့ကျင့်မှုပြုလုပ်ရင်း ညာဘက် ဒူး ဒဏ်ရာ ရရှိသွားခဲ့တာပါ။
အသက် ၂၉ နှစ်အရွယ်ရှိ ကစားသမားဟာ အင်္ဂါနေ့က လိုင်ယွန်မြို့ရှိ အထူးကု အတိုင်ပင် ခံထံ သွားရောက်ခဲ့ပြီး ခွဲစိတ်မှုကို ရှောင်ရှားကာ အဲ့ဒီအစား ရှေးရိုးကျတဲ့ကုသမှုကို ၅ ပတ်ကြာ ခံယူသွားမှာ ဖြစ်ပါတယ်။ကစားသမားအနေနဲ့ ဒီကုသမှုကနေ စက်တင်ဘာလ ၁၀ ရက်မှာ ပြန်လာနိုင်ဖို့ မျှော်လင့်နေတာပါ။

ပေါ့ဘာရဲ့ ၅ ပတ်ကြာကုသမှုမှာ ပထမဆုံး ၃ ပတ်က အားကစားခန်းမမှာ ပြုလုပ်ရမှာဖြစ်ပြီး ကျန်တဲ့ ၂ ပတ် ကတော့ ကွင်းထဲမှာ ပြုလုပ်ရမှာဖြစ်တယ်လို့ ဂါဇတ်တာဒယ်လိုစပေါ့သတင်းဌာနာက ဖော်ပြခဲ့ပါတယ်။
ဂျူဗင် တပ်စ်ဆေးအဖွဲ့က ရာသီသစ်ရဲ့ ပထမဆုံးနိုင်ငံတကာပွဲတွေမတိုင်ခင် ပေါ့ဘာ ပြန်လာတာကို မြင်တွေ့ချင်နေတာ ဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင်ကစားစေချင်နေတာပါ။ပေါ့ဘာဟာ ဒူးခွဲစိတ်ကုသမှုခံယူရမယ်ဆိုရင် ပြန် ကောင်းလာဖို့ ၄ လ ဒါမှမဟုတ် ၅ လ လိုအပ်နေပြီး ဒီလိုဆိုရင် ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်မှာဖြစ်ပါတယ်။
အဲဒါကြောင့် ပေါ့ဘာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို မလွဲချော်ချင်တာကြောင့် ရှေးရိုးကျတဲ့ကုသမှုကို ခံယူဖို့ ဆုံးဖြတ် ခဲ့တာပါ။ပြင်သစ်ကစားသမားဟာ ဂျူဗင်တပ်စ်အသင်းအတွက် မက္ကဆီကိုကလပ် ဂွာဒလာဟာရာ အသင်းနဲ့ ပွဲစဉ် ကိုသာ ပါဝင်ကစားထားနိုင်ခဲ့တာဖြစ်ပါတယ်။
ပေါ့ဘာဟာ ဂျူဗင်တပ်စ်အသင်းအတွက် ပထမအကြိမ် ကစား ခဲ့တုန်းက အောင်မြင်မှုအများအပြား ရယူနိုင်ခဲ့ပြီး အခုဒုတိယအကြိမ် ပြန်ရောက်လာတာမှာလည်း နောက်ထပ် ဆုဖလားတွေထပ်မံရယူဖို့ ပစ်မှတ်ထားနေခဲ့တာပါ။
ဂျူဗင်တပ်စ်အသင်းဟာ အခုနှစ်ရာသီသစ် စီးရီးအေ အဖွင့်ပွဲစဉ်အဖြစ် သြဂုတ်လ ၁၅ ရက်မှာ ဆက်ဆူအိုလို အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source:DailyMail
- By CNI
- Category: အားကစား
- Hits: 1524
CNI Sport News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၃
ယူနိုက်တက်အသင်းက ရော်နယ်ဒိုနဲ့ မက်ဂွဲယားတို့ဟာ ပရီးမီးယားလိဂ်ကစားသမားတွေရဲ့ တွစ်တာထဲမှာ တိုက်ခိုက်မှုအများဆုံးခံခဲ့ရတယ်လို့ အစီရင်ခံစာတစ်ခုက ဖော်ပြထားပါတယ်။
Ofcon ဟာ ပြီးခဲ့တဲ့ရာသီ ပထမနှစ်ဝက်ရဲ့တွစ်တာ ၂.၃ သန်းကို စိစစ်လေ့လာခဲ့တာမှာ တိုက်ခိုက်ခံရတဲ့ ပို့စ်ပေါင်း ၆၀,၀၀၀(ခြောက်သောင်း)နီးပါးကို တွေ့ရှိခဲ့တာပါ။ဒီထဲမှာ ထိပ်တန်းကစားသမားအများအပြား တိုက်ခိုက်ခံခဲ့ရတာ ကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။တိုက်ခိုက်ခံရမှုအများဆုံးစာရင်းမှာ ယူနိုက်တက်ကစားသမား ၈ ဦးအထိ ပါဝင် ခဲ့တာပါ။ဒါပေမယ့် Alan Turing Institute ရဲ့ လေ့လာမှုအရ ပရိသတ်တွေဟာ ဆိုရှယ်မီဒီယာကို တာဝန်သိစွာနဲ့ အသုံးပြုနေကြောင်း တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။
“အွန်လိုင်းကနေ တိုက်ခိုက်မှုတွေဟာ အားကစားမှာ နေရာမရှိသလို၊ ကျယ်ပြန့်တဲ့ လူ့အဖွဲ့အစည်းမှာလည်း နေရာမရှိပါဘူး။ဒါကို ကိုင်တွယ်ဖြေရှင်းဖို့ အဖွဲ့လိုက် ကြိုးစားအားထုတ်မှုလိုပါတယ်” လို့ Ofcon ရဲ့ တာဝန်ရှိသူ တစ်ဦးက ပြောခဲ့တာပါ။၂၀၂၁ ဩဂုတ်လ ၁၃ ရက်ကနေ ၂၀၂၂ ဇန်နဝါရီ ၂၄ ရက်အထိ စာရင်းတွေအရ ရော်နယ်ဒို ဟာ တိုက်ခိုက်ခံရမှု ၁၂,၅၂၀(တစ်သောင်းနှစ်ထောင်ငါးရာနှစ်ဆယ်)အထိ ရှိခဲ့ပြီး မက်ဂွဲယားက ၈,၉၅၄ (ရှစ်ထောင့်ကိုးရာငါးဆယ့်လေး)နဲ့ ဒုတိယနေရာမှာ ရှိခဲ့ပါတယ်။အဲဒီနောက်မှာ ရက်ရှ်ဖိုဒ့်၊ ဘရူနိုဖာနန်ဒက်စ်၊ ဟာရီကိန်း၊ ဖရက်ဒ်၊ လင်ဂတ်၊ ဂရီလစ်ရှ်၊ ပေါ့ဘာနဲ့ ဒီဂီယာတို့ ရပ်တည်ခဲ့ကြတာပါ။

ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အသင်းဟာ ရလဒ်ဆိုးတွေကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို ခံခဲ့ရပြီး အသင်း ခေါင်းဆောင် မက်ဂွဲယားဆိုရင် အမှားအယွင်းတွေကြောင့် အွန်လိုင်းပေါ်မှာ မကြာခဏ တိုက်ခိုက်မှုတွေကို ခံခဲ့ရတာဖြစ်ပါတယ်။ဒီစာရင်းထဲမှာ မပါဝင်ခဲ့ပေမယ့် ကြောင်ကိုကန်ခဲ့တဲ့ ရုပ်သံဖိုင်ကြောင့် ဝက်စ်ဟမ်းနောက်ခံ လူ ဇူးမားဟာ ဆိုရှယ်မီဒီယာမှာ တိုက်ခိုက်မှုတွေကို တော်တော်လေးခံခဲ့ရတာပါ။
ဒီအစီရင်ခံစာကို ဦးဆောင်ရေးသားတဲ့ ဒေါက်တာဘာတီဗစ်ချ်ဒန်က “ဒီတွေ့ရှိချက်တွေက ဘောလုံးသမားတွေ ဆိုရှယ်မီဒီယာမှာ တိုက်ခိုက်မှုတွေခံနေရတာကို ဘယ်လောက်အတိုင်းအတာအထိ ဖော်ထုတ်နိုင်လဲဆိုတာပါ။ ဒီလိုတိုက်ခိုက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ခက်ခဲပေမယ့် ဒါကို ဒီတိုင်းထားလို့တော့ မရပါဘူး။ ကစားသမားတွေ အနေနဲ့ တိုက်ခိုက်မှုမခံရဘဲ သူတို့အလုပ်သူတို့ လုပ်နိုင်ဖို့အတွက် အဆိုးရွားဆုံး အကြောင်းအရာတွေကို ရပ်တန့်ဖို့ နောက်ထပ်လုပ်ဆောင်ရမှာပါ”လို့ ပြောခဲ့ပါတယ်။
Source:BBC
- By CNI
- Category: အားကစား
- Hits: 1268
CNI Sport News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၂
တန်းတက်ကလပ် ဘုန်းမောက်အသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ပွဲမစတင်ခင် ပြုလုပ်တဲ့ ဒူးထောက်တဲ့ အစီအစဉ်ကို ဒီရာသီမှာ သူတို့ လုပ်ဆောင်သွားမှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။
ဘုန်းမောက်အသင်းဟာ ချန်ပီယံရှစ်မှာ ရှိနေချိန် ၂၀၂၁ ဖေဖော်ဝါရီလမှာ ဒီလိုလုပ်ဆောင်ခြင်းကို ရပ်တန့်ခဲ့တာပါ။ ဘုန်းမောက် အသင်းဟာ ၂ နှစ်ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ကို ပြန်ရောက်လာချိန်မှာလည်း သူတို့ရဲ့ ရပ်တည်ချက်ကို ပြောင်းလဲမှာ မဟုတ်ဘူးလို့ သိရပါတယ်။
ဘုန်းမောက်အသင်း ခေါင်းဆောင်ဟောင်း စတိဗ်ကွတ်ခ်က ဦးဆောင်ပြီး “ ခွဲခြားဆက်ဆံမှု အားလုံးကို တိုက်ဖျက်ပြီး တန်းတူညီမျှဖြစ်တဲ့ လူ့အဖွဲ့အစည်း တစ်ရပ်ကို ဖန်တီးပေးတာက ကျနော်တို့ အလွန်စိတ်အား ထက်သန်စွာ ခံစားရတဲ့ အရာပါ။ ဒါက လွန်ခဲ့တဲ့ ၈ လက ပြုလုပ်ခဲ့တဲ့အရာထက် အကျိုးသက်ရောက်မှု မရှိတော့ဘူး”လို့ ကြေညာခဲ့တာပါ။
ဘုန်းမောက်အသင်းက အခြားအသင်းတွေ အမျိုးမျိုး လုပ်ဆောင်နိုင်တဲ့ ဆန္ဒကို လေးစားပေမယ့် ပြီးခဲ့တဲ့နှစ် ကတည်းက ရပ်တည်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြောင်းဖို့ အစီအစဉ် မရှိတော့တာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ကလပ် အသင်းတွေကလည်း ဒီအစီအစဉ်ကို မလုပ်ဆောင်ကြတော့ဖို့ တွေးတောနေကြပြီး ချန်ပီယံရှစ်ကလပ် ဆွမ်ဆီးအသင်းကလည်း ဒူးထောက်တော့မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။ တန်းတူညီမျှ မှုတွေကို ရဖို့အတွက် အခြား နည်းလမ်းတွေကို အာရုံစိုက်ကြဖို့ ချန်ပီယံရှစ်ကလပ်က ပြောခဲ့ပါတယ်။

မန်စီးတီးနဲ့အာဆင်နယ် ကစားသမားများ ဒူးထောက်နေသည်ကိုတွေ့ရစဉ်
တခြားအသင်းတွေ ဒူးထောက်တဲ့ အစီအစဉ်ကို ဆက်လုပ်ရင်လည်း သူတို့ဘက်က ထောက်ခံတဲ့အနေနဲ့ လက်ခုပ်တီး ဂုဏ်ပြု မယ်လို့ ပြောခဲ့ပါတယ်။ ချန်ပီယံရှစ်ကလပ် ဘရစ္စတိုးလ် အသင်းကလည်း ဒီရာသီမှာ သူတို့ ဒူးထောက်မှာ မဟုတ်ဘူးလို့ အတည်ပြု ထားပါတယ်။
ပရီးမီးယားလိဂ် အသင်းခေါင်းဆောင်တွေဟာ ရာသီသစ် မစတင်ခင် ဒီလိုလုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပေမယ့် ဆုံးဖြတ်ချက်တော့ မချရသေးပါဘူး။ ပရီးမီးယားလိဂ် ကလပ်တွေဟာ ဒူးထောက်တဲ့ အစီအစဉ်ကို ပွဲစဉ်တိုင်း မပြုလုပ်ချင်ဘူးလို့ သိရပါတယ်။
ပရီးမီးယားလိဂ်ဟာ Black Lives Matter လှုပ်ရှားမှုကို ထောက်ခံတဲ့အနေနဲ့ ပြိုင်ပွဲပြန်လည် စတင်တဲ့ ၂၀၂၀ ခုနှစ်၊ ဇွန်လ ကတည်းက ပွဲမစတင်ခင်မှာ ဒူးထောက်တဲ့ အစီအစဉ်ကို ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 973
CNI Sport News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၂
ယိုရှီမီ ယာမာရှီတဟာ ဂျပန်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ပရော်ဖက်ရှင်နယ် ဘောလုံးဒိုင်လူကြီး ဖြစ်လာခဲ့ပါတယ်။
အသက် ၃၆ နှစ်အရွယ်ရှိ ယာမာရှိတဟာ အခုနှစ် အကုန်ပိုင်းမှာ ကျင်းပမယ့် ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒိုင်လူကြီးအဖြစ် ဆောင်ရွက်ဖို့ ဖရာပါ့တ်၊ မူကန်ဆန်ဂါတို့နဲ့ မေလက ရွေးချယ် ခံခဲ့ရတာပါ။
အမျိုးသား ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမဆုံးအကြိမ် အမျိုးသမီးဒိုင်လူကြီးတွေ တာဝန်ယူ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ယာမာရှိတဟာ အခုအချိန်မှာ ဂျပန်ဘောလုံးအဖွဲ့ချုပ်နဲ့ ပရော်ဖက်ရှင်နယ် စာချုပ်ချုပ်ဆိုထားပါတယ်။ ဂျပန်နိုင်ငံဟာ မကြာသေးခင်က သူတို့ရဲ့ ပထမဆုံး ပရော်ဖက်ရှင်နယ် အမျိုးသမီးဘောလုံးလိဂ်ကို စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။
ဒီလိုဖွင့်လှစ်ပြီး ၁ နှစ် မကြာသေးခင်မှာ သူမရဲ့ အခန်းကဏ္ဍသစ် ထွက်ပေါ်လာခဲ့တာပါ။ ယာမာရှိတဟာ အမျိုးသား အာရှ ချန်ပီယံလိဂ် ပြိုင်ပွဲကို တာဝန်ယူခဲ့တဲ့ ပထမဆုံး အမျိုးသမီး ဒိုင်လူကြီးအဖြစ်လည်း မှတ်တမ်းဝင်ထားပြီး “အမျိုးသမီးတွေ အပေါ်မှာ အာရုံစိုက်တာ ကောင်းတယ်”လို့ သူမ ထင်မြင်ခဲ့တာ ဖြစ်ပါတယ်။

အမျိုးသမီး ဘောလုံးပွဲတစ်ခုကို ယာမာရှိတ ဒိုင်အဖြစ် ကိုင်တွယ်စဉ်
“အမျိုးသားပွဲတွေမှာ အမျိုးသမီး ဒိုင်လူကြီးလုပ်တာ သိပ်ပြီး ကြီးကြီးမားမားတော့ မဟုတ်ပေမယ့် ဒီအဆင့်မှာ ပွဲတွေက ကြည့်ကောင်းခဲ့လို့ ကျမ ဝမ်းသာရပါတယ်”လို့ ယာမာရှိတက ပြောခဲ့တာပါ။
ယာမာရှိတ၊ ဖရာပါ့တ်နဲ့ မူကန်ဆန်ဂါတို့ဟာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဒိုင်လူကြီးအဖြစ် ဆောင်ရွက်မယ့် ဒိုင်လူကြီး ၃၆ ဦး စာရင်းမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ စည်းကြပ်ဒိုင်လူကြီး ၆၉ ဦး စာရင်းမှာလည်း အမျိုးသမီး စည်းကြပ်ဒိုင် ၃ ဦး ပါဝင်ခဲ့ တာ ပါ။ ယာမာရှိတက ကာတာမှာ ကမ္ဘာ့ဖလားလေထုကို ရှူရှိူက်ခွင့်ရဖို့ မျှော်လင့်နေပြီး သူမရဲ့ ဆုံးဖြတ်ချက် ချတာကို အရှိန် မြှင့်တင်နိုင်ဖို့ ကြိုးစားနေတယ်လို့လည်း ပြောခဲ့ပါတယ်။
ယာမာရှိတက “ ဒါက အမြဲတမ်း တိုးတက်နေတဲ့ အရာဖြစ်တဲ့အတွက် ဘယ်ပွဲပဲဖြစ်ဖြစ် ဒိုင်လူကြီးလုပ်မှာပါ။ ဆုံးဖြတ်ချက် ချတဲ့ အရှိန်ကို မြှင့်တင်နိုင်မယ်ဆိုရင် ဆုံးဖြတ်ချက် တစ်ခုချင်းစီကို ရှင်းရှင်းလင်းလင်း ချမှတ်နိုင်ပါတယ်”လို့ ပြောခဲ့ပါတယ်။
ယာမာရှိတဟာ ပြီးခဲ့တဲ့နှစ်က ဂျပန် ပြည်တွင်းလိဂ်ဖြစ်တဲ့ ဂျေလိဂ်မှာလည်း ကိုင်တွယ်ခဲ့တဲ့ ပထမဆုံး အမျိုးသမီး ဒိုင်လူကြီး ဖြစ်ခဲ့တာပါ။ ယာမာရှိတဟာ ကလေးငယ်တွေကို ဒိုင်လူကြီးတစ်ဦးရဲ့ အလုပ်တွေကို ရှင်းပြခဲ့ပြီး ဂျပန်ဘောလုံးအဖွဲ့ချုပ်မှာ သူတို့ရဲ့ မေးခွန်းတွေကို ဖြေကြားခဲ့ပါတယ်။
- By CNI
- Category: အားကစား
- Hits: 1456
CNI Sport News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂
ချယ်လ်ဆီးအသင်းနောက်ခံလူသစ် ကူလီဘာလီက အသင်းမှာ ကျောနံပါတ် ၂၆ ဂျာစီဝတ်ဆင်ဖို့အတွက် ဂန္တဝင် ကစားသမား ဂျွန်တယ်ရီဆီကနေ ခွင့်ပြုချက်တောင်းဆိုလိုက်ပါတယ်။
ကူလီဘာလီက “ဂျွန်ရေ ခင်ဗျားကို တစ်ခုလောက်တောင်းဆိုချင်လို့ပါ။ကျနော် နာပိုလီမှာ ၂၆ ဝတ်ခဲ့တာ ခင်ဗျား လည်းသိမှာပါ။အခု ဒီ ၂၆ ကို ခင်ဗျားထွက်သွားပြီးကတည်းက ဘယ်သူ့မှမဝတ်ဆင်ကြတော့ဘူး။ခင်ဗျား အနားယူ သွားလို့လား ဒါမှမဟုတ် ဘယ်သူမှမယူချင်လို့လားတော့ မသိပါဘူး။ကျနော်ဝတ်မယ်ဆိုရင်ရော ဝတ်လို့ရမလား ဆိုတာ သိချင်လို့ပါ”လို့ ပြောခဲ့တာပါ။
အသက် ၃၁ နှစ်အရွယ်နောက်ခံလူဟာ အခုအပြောင်းအရွှေ့မှာ နာပိုလီကနေ ချယ်လ်ဆီးအသင်းထံ ပေါင် ၃၃ သန်းဝန်းကျင်နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ဂျွန်တယ်ရီဟာ ချယ်လ်ဆီးကစားသမားဘဝမှာ ပွဲပေါင်း ၇၁၇ ပွဲ ကစားခဲ့ပြီး ဆုဖလား ၁၅ လုံးရယူနိုင်ခဲ့ကာ သူဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၂၆ ဟာ အထင်ကရဖြစ်ခဲ့တာပါ။
အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းဟာ ချယ်လ်ဆီးအသင်းကနေ ၂၀၁၇ မှာ ထွက်ခွာသွားခဲ့ပြီး အဲဒီကတည်းက ဒီနံပါတ်ကို ဘယ်သူ့မှ မဝတ်ဆင်တော့တာဖြစ်ပါတယ်။

ကူလီဘာလီရဲ့ တောင်းဆိုမှုနဲ့ပတ်သက်ပြီး ဂျွန်တယ်ရီက “နားထောင်ပါ။ဒီ ၂၆ က ငါ့အတွက်တော့ အလွန် ထူးခြားပါတယ်။ဒီလိုဖုန်းဆက်ပြီးပြောတဲ့အတွက် ကျေးဇူးတင်တယ်။ဒီနံပါတ်ကို မင်းယူလိုက်လို့ င့ါအတွက် ဘာ ပြဿနာမှမရှိပါဘူး။ လုံးဝ ဝမ်းသာပါတယ်။ငါမင်းကို ၂၆ ပေးဝတ်ပါတယ်”လို့ ပြောခဲ့ပါတယ်။
ကူလီဘာလီက ကျေးဇူးတင်ကြောင်းနဲ့ ဒါကို ဝတ်ရမှာ သူ့အတွက်တာဝန်ကြီးတယ်လို့ ပြောခဲ့တာမှာ ဂျွန်တယ်ရီ က “ဖိအားတွေမထားပါနဲ့ ငါတို့အတွက် ဆုဖလားတွေယူပေးမှာမလားလို့ “ ပြန်ပြောခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ ကူလီဘာလီအတွက် ကျောနံပါတ် ၂၆ ဂျာစီဝတ်ဆင်ဖို့ အတည်မပြုခင်မှာ ဆီနီဂေါ နောက်ခံလူက ဂျွန်တယ်ရီဆီကနေ သေချာစေမယ့် ခွင့်ပြုချက်ကို ရယူခဲ့တာဖြစ်ပါတယ်။
ကူလီဘာလီဟာ မကြာသေးခင်က ချယ်လ်ဆီးအသင်းရဲ့ ခြေစမ်းပွဲတွေမှာ ကျောနံပါတ် ၂၆ ဂျာစီဝတ်ဆင်ပြီး ဝင်ရောက်ကစား သွားခဲ့တာပါ။ချယ်လ်ဆီးအသင်းဟာ အခုနှစ်ရာသီ ပရီးမီးယားလိဂ် အဖွင့်ပွဲအဖြစ် အဲဗာတန်အသင်း အိမ်ကွင်းမှာ သွားရောက်ကစားရမှာဖြစ်ပါတယ်။
Source:Sportbible
- By CNI
- Category: အားကစား
- Hits: 1133
CNI Sport News
၂၀၂၂ ခုနှစ်၊ဩဂုတ် ၂
မက်ဆီဟာ သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ ဆွာရတ်ကို ဥရုဂွေးပြန်ဖို့အတွက် သူ့ရဲ့ ပေါင် ၁၂ သန်းတန်ကြေး ရှိတဲ့ လေယာဉ်ကို ငှားရမ်းပေးခဲ့တယ်လို့ သိရပါတယ်။
ဆွာရတ်စ်ဟာ မက်ဆီရဲ့လေယာဉ်နဲ့ ဥရုဂွေးကို ရောက်ပြီးချိန်မှာ နေစီယွန်နယ်လ်အသင်းရဲ့ ကစားသမားသစ် အဖြစ် တရားဝင်မိတ်ဆက်မှုပြုလုပ်ဖို့ အားကစားကွင်းဆီ သွားရောက်ခဲ့တာပါ။မက်ဆီနဲ့ ဆွာရတ်စ်တို့ဟာ ပြီးခဲ့တဲ့ အားလပ်ရက်က အိုင်ဘီဇာကမ်းခြေမှာ အတူတကွရှိခဲ့ကြတာ ဖြစ်ပါတယ်။
မက်ဆီဟာ နေစီယွန်နယ်လ်ကို ပြောင်းရွှေ့ခဲ့တဲ့ သူငယ်ချင်းဖြစ်သူကို ချီးကျူးမှုတွေလည်း ပြုလုပ်ခဲ့တာပါ။ နေစီယွန်နယ်လ်အသင်းဟာ ဆွာရတ်စ် ပြန်လာတာကို ကြိုဆိုတဲ့အနေနဲ့ ၃ နာရီကြာ ပြသခဲ့တဲ့ ရုပ်သံထဲမှာ မက်ဆီရဲ့ ပြောစကားလည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
မက်ဆီက “နေစီယွန်နယ်လ်အသင်းမှာ မင်းရဲ့ ကစားသမားဘဝ အောင်မြင်မှုတွေရဖို့ ငါ ဆုတောင်းပေးပါတယ်။ နေစီယွန်နယ်လ်နဲ့အတူ မင်းရဲ့နိုင်ငံမှာရှိပြီး ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်ဖို့က ဘယ်လောက်အရေးကြီးလဲ ဆိုတာ ငါသိပါတယ်။မင်း အကောင်းဆုံးဖြစ်ဖို့ ငါဆုတောင်းပြီး မကြာခင်မှာတွေ့ကြဖို့ မျှော်လင့်ကြောင်း” ပြောခဲ့ တာပါ။

ဆွာရတ်စ်ဟာ ဇနီးဖြစ်သူ ဆိုဖီယာ၊ ကလေး ၃ ဦးနဲ့အတူ ဥရုဂွေးနိုင်ငံကို ရောက်လာခဲ့တာဖြစ်ပြီး နေစီယွန်နယ်လ် ဥက္ကဋ္ဌက လေဆိပ်မှာ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။လမ်းတစ်လျှောက်မှာလည်း ဆွာရတ်စ်ဟာ သူရဲကောင်းတစ်ဦးလို ကြိုဆိုမှုတွေ ခံခဲ့ရပြီး ခန့်မှန်းခြေ ပရိသတ် ၅၀,၀၀၀ ဦးရေဟာ ကလပ်ရဲ အားကစားကွင်းမှာ သူ့ကို ကြိုဆိုမှုတွေ ပြုလုပ်ဖို့ စောင့်ဆိုင်းနေခဲ့တာပါ။ဆွာရက်စ်က သူ့ကို ကြိုဆိုမှုတွေပြုလုပ်တဲ့အပေါ်မှာ “မယုံနိုင်စရာနဲ့ မမေ့နိုင် စရာ” အဖြစ် ဖော်ပြခဲ့သလို “အိပ်မက်တစ်ခုအဖြစ် စတင်ခဲ့တာက ဒီနေ့မှာ လက်တွေ့ဖြစ်လာပြီ” လို့ ပြောခဲ့ပါ တယ်။
ဆွာရက်စ်ဟာ ပြီးခဲ့တဲ့ရာသီအကုန်မှာ အသလက်တီကိုအသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် ပရော်ဖက်ရှင်နယ် ကစားသမားဘဝစတင်ခဲ့တဲ့ နေစီယွန်နယ်လ်အသင်းထံ ပြန်လာဖို့ ဆုံးဖြတ်ခဲ့တာပါ။ဆွာရတ်စ်ဟာ ဥရုဂွေးကလပ် ကနေ ထွက်ခွာခဲ့ပြီးနောက် ဂရိုနင်ဂျန်၊ အေဂျတ်စ်၊ လီဗာပူးလ်၊ ဘာစီလိုနာနဲ့ အသလက်တီကိုအသင်းတွေမှာ ကစားခဲ့ပြီး ဆုဖလားနဲ့အောင်မြင်မှု အများအပြားရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
Source:TheSun
- By CNI
- Category: အားကစား
- Hits: 1679
CNI Sport News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁
ပီအက်စ်ဂျီအသင်းဟာ တဲလ်အဗစ်မှာ ကစားခဲ့တဲ့ Trophee des Champions ပွဲမှာ နန့်တက်စ်အသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။
ပီအက်စ်ဂျီအတွက်ဂိုးတွေကို နေမာက ၂ ဂိုး၊ မက်ဆီနဲ့ ရာမို့စ်တို့က ၁ ဂိုးစီသွင်းယူခဲ့ကြတာပါ။ဒီပွဲမှာ ပီအက်စ်ဂျီ အသင်းဟာ ပွဲပယ်ခံထားရတဲ့ တိုက်စစ်မှူး ဘတ်ပီကလွဲပြီး အဓိက ကစားသမားအစုံအလင်နဲ့ ပွဲထွက်လာခဲ့တာ ကြောင့် နန့်တက်စ်အသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ပီအက်စ်ဂျီအသင်းဟာ အခု ၁ ကြိမ်အပါအဝင် နောက်ဆုံး ၁၀ ကြိမ်ကျင်းပခဲ့တဲ့ Trophee des Champions ပွဲမှာ ချန်ပီယံဆုကို ၉ ကြိမ်ရယူနိုင်ခဲ့တာပါ။
နေမာက “ဒီပွဲက ပွဲကောင်းတစ်ပွဲပါ။ဒီဆုဖလားကိုလည်း ကျနော်တို့ အရယူချင်ခဲ့တာပါ။လီယို၊ ကိုင်လီယန်နဲ့ ကျနော်တို့ ပျော်ရွှင်နေမယ်ဆိုရင် ပီအက်စ်ဂျီအသင်းက ကောင်းမွန်စွာ အလုပ်လုပ်နိုင်မှာပါ။ဒီရာသီမှာ ကျနော်တို့ ၃ ဦးစလုံး အတူတကွဆက်ရှိပြီး ဆုဖလားတွေရယူသွားမယ်” လို့ Prime Video ကို ပြောခဲ့တာ ဖြစ်ပါတယ်။ ပိုချက်တီနိုနေရာမှာ အစားထိုးဝင်ရောက်လာခဲ့တဲ့ ဂယ်လ်တီယာအတွက်တော့ ပီအက်စ်ဂျီနည်းပြဘဝ ပထမဆုံး ဆုဖလားကို ရယူနိုင်ခဲ့တာပါ။

ပီအက်စ်ဂျီအတွက် ၁ ဂိုးသွင်းယူပြီး ခြေစွမ်းပြသနိုင်ခဲ့တဲ့ မက်ဆီကို ဒီပွဲရဲ့ အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။ပြီးခဲ့တဲ့ရာသီက ပြင်သစ်ကလပ်ကို ရောက်ရှိလာခဲ့တဲ့ မက်ဆီအတွက်တော့ ပီအက်စ်ဂျီ ကစားသမားဘ၀ ဒုတိယမြောက်ဆုဖလား ရရှိခဲ့တာပါ။မက်ဆီဟာ ဒီဆုဖလားကြောင့် ကစားသမားဘဝ ဆုဖလား ၄၁ ခုအထိ ရယူနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။
ပီအက်စ်ဂျီနည်းပြ ဂယ်လ်တီယာက “ကျနော်တို့ဟာ ကြယ်ပွင့်တွေအကြောင်း ပြောနေပေမယ့် သူတို့က ကစား သမားတွေအားလုံးထက် ဆုဖလားပိုပြီး ဆွတ်ခူးချင်ကြတဲ့သူတွေပါ။သူတို့နဲ့ ကျနော်သွားရမှာပါ။ဒါပေမယ့် ဒီ ကမ္ဘာ့ အဆင့်မီ ကစားသမားတွေနဲ့ဆိုရင်တော့ အရာအားလုံးက ပိုပြီးလွယ်ကူသွားတယ်ဆိုတာ သိသာလာခဲ့ပါတယ်” လို့ ပြောခဲ့တာပါ။
ပြင်သစ်လီဂူးဝမ်းပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ ပီအက်စ်ဂျီအသင်းဟာ ဆုဖလားကာကွယ်ဖို့အတွက် ရာသီအဖွင့်ပွဲစဉ် အဖြစ် သြဂုတ်လ ၆ ရက်မှာ ကလဲမောင့်အသင်းနဲ့ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source:Besoccer
- By CNI
- Category: အားကစား
- Hits: 1064
CNI Sport News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁
ဂျာမနီအသင်းကို ဗိုလ်လုပွဲမှာ အနိုင်ရပြီး အမျိုးသမီး ယူရိုပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ အင်္ဂလန်အသင်းကို ဘုရင်မကြီးက ဂုဏ်ပြုကြောင်း ပြောလိုက်ပါတယ်။
ဗြိတိန်ဘုရင်မကြီးက “ ဥရောပပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ အင်္ဂလန် အမျိုးသမီးအသင်းကို နွေးထွေးစွာ ဂုဏ်ပြုချင်ပါတယ်။ ဒါက အသင်း တစ်သင်းလုံးအတွက် အရေးပါတဲ့ အောင်မြင်မှုပါ။ ဒီပြိုင်ပွဲမှာ စွမ်းဆောင်ခဲ့တဲ့ စွမ်းဆောင်ရည်တွေကြောင့် မှန်ကန်တဲ့ ချီးကျူးမှုတွေကို ရရှိခဲ့ပါတယ်။ ဒါဟာ ဒီနေ့ခေတ် မိန်းကလေးတွေ၊ အမျိုးသမီးတွေနဲ့ အနာဂတ် မျိုးဆက်သစ် တွေအတွက် အတုယူရမယ့် စံနမူနာအဖြစ် ရှိခဲ့ပြီ”လို့ ကြေညာချက် ထုတ်ပြန်ပြီးတော့ ပြောခဲ့ပါတယ်။
အင်္ဂလန် အမျိုးသမီးအသင်း အတွက်တောာ့ ယူရိုချန်ပီယံဆုကို ပထမဆုံးအကြိမ် ရယူနိုင်ခဲ့တာဖြစ်သလို ၁၉၆၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ ပြီးကတည်းက နိုင်ငံအတွက် ပထမဆုံး အဓိကဆုဖလား အောင်မြင်မှုလည်း ဖြစ်ခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ နည်းပြ ဝီဂ်မန်း ကိုင်တွယ်ခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၂၁ စက်တင်ဘာလ ကတည်းက ပြိုင်ပွဲစုံ ရှုံးပွဲမရှိခဲ့ပဲ အကောင်းဆုံးပုံစံ ရရှိနေခဲ့တာပါ။ အင်္ဂလန်အသင်းဟာ ဝီဂ်မန်း လက်ထက် ပွဲပေါင်း ၂၀ ကစားထားခဲ့တာမှာ ၁၈ ပွဲ အနိုင်ရပြီး ၂ ပွဲသရေကျခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်အမျိုးသမီးအသင်း
မင်းသားဝီလျံက “ စိတ်လှုပ်ရှားစရာ ကောင်းပြီး မယုံနိုင်စရာ နိုင်ပွဲပါပဲ။ တစ်နိုင်ငံလုံးက အသင်းအတွက် ဂုဏ်ယူလို့ မဆုံးဘူး ဖြစ်နေကြပါတယ်။ ဝင်ဘာလေမှာ သမိုင်းကြောင်း ဖန်တီးခဲ့တာကို မြင်တွေ့ခွင့် ရခဲ့တာက အံသြစရာပါပဲ။ ဂုဏ်ယူပါ တယ်” လို့ ကမ်းဘရစ်ချ်မြို့စားနဲ့ မြိုစားကတော် တွစ်တာအကောင့်မှာ ရေးသားခဲ့တာပါ။
ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကလည်း နိုင်ငံရဲ့ အောင်ပွဲအတွက် ဂုဏ်ယူကြောင်း သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ ပါတယ်။
“ဘောလုံးက အိမ်ကိုပြန်လာပြီ။ ခြင်္သေ့မယ်တွေရဲ့ အံ့မခန်းအောင်ပွဲပါ။ နည်းပြ၊ အသင်းခေါင်းဆောင်နဲ့ တစ်သင်းလုံးကို ဂုဏ်ပြုချင်ပါတယ်။ အမျိုးသမီး ဘောလုံးပွဲတွေ ကျင်းပတဲ့ အခါမှာ နိုင်ငံအနှံ့ ဘောလုံးကွင်းတွေမှာ လူပြည့်တော့မှာလို့” ပြောခဲ့တာပါ။
အင်္ဂလန်အမျိုးသားအသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ အသင်းခေါင်းဆောင် ဟာရီကိန်းနဲ့ နောက်ခံလူ မက်ဂွဲယားတို့ကလည်း အမျိုးသမီးအသင်းရဲ့ နိုင်ပွဲအတွက် ဂုဏ်ပြုခဲ့ကြပါတယ်။
အင်္ဂလန် အမျိုးသားအသင်းကလည်း ပြီးခဲ့တဲ့နှစ်က ယူရိုဗိုလ်လုပွဲ တက်ခဲ့ပေမယ့် အီတလီကို ပင်နယ်တီ အဆုံးအဖြတ်မှာ အရေးနိမ့်ပြီး ဒုတိယသာ ရရှိခဲ့တာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 1169
CNI Sport News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁
အင်္ဂလန်အသင်းဟာ အမျိုးသမီး ယူရိုပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ဂျာမနီအသင်းနဲ့ ကစားခဲ့တာ အချိန်ပိုမှာ ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရပြီး သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ဝင်ဘာလေကွင်းရဲ့ ပရိသတ် ၈၇,၁၉၂ ရှေ့မှာ ကစားခဲ့တဲ့ ဒီပွဲမှာ ပွဲချိန်အတွင်း ၁ ဂိုးစီ သရေကျခဲ့တာကြောင့် အချိန်ပို ဆက် လက် ယှဉ်ပြိုင်ခဲ့ရတာပါ။
အချိန်ပိုမှာ ကယ်လီက အင်္ဂလန်အတွက် အဖိုးတန် အနိုင်ဂိုး သွင်းယူအပြီးမှာ ဂျာစီကို ချွတ်ကာ ဝှေ့ယမ်းပြီး အောင်ပွဲခံနေခဲ့ ပါတယ်။ အင်္ဂလန်အမျိုးသမီးအသင်းရဲ့ နိုင်ပွဲဟာ ၁၉၆၆ ကမ္ဘာ့ဖလား ရပြီးကတည်းက အဓိကပြိုင်ပွဲတွေမှာ ဆုဖလား မရ တော့တဲ့ အင်္ဂလန်နိုင်ငံအတွက် အခုချန်ပီယံဆုက ပထမဆုံး ဆုဖလား ကိုင်မြှောက်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
ပရိသတ်တွေကလည်း အင်္ဂလန်ရဲ့ အောင်ပွဲအတွက် လမ်းမတွေပေါ်မှာ ပျော်ရွှင်စွာ အောင်ပွဲခံခဲ့ကြပါတယ်။
ပွဲအပြီး ပြုလုပ်တဲ့ အင်္ဂလန်နည်းပြ ဝီဂ်မန်းရဲ့ သတင်းစာရှင်းလင်းပွဲမှာ It’s coming home. Football is coming home ဆိုတဲ့ စာသားကို သီဆိုကာ တစ်သင်းလုံး ဝင်ရောက်အောင်ပွဲခံခဲ့ကြပါတယ်။

အင်္ဂလန်အမျိုးသမီး အသင်း ဂိုးသွင်းအောင်ပွဲခံနေစဉ်
နည်းပြ ဝီဂ်မန်းဟာ ပြီးခဲ့တဲ့ ယူရို ၂၀၁၇ ပြိုင်ပွဲမှာ နယ်သာလန်အသင်းကို ချန်ပီယံဖြစ်အောင် ကိုင်တွယ်နိုင်ခဲ့ပြီး အခု အင်္ဂလန် အသင်းကို ချန်ပီယံဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အင်္ဂလန်ချန်ပီယံဖြစ်စေမယ့် အနိုင်ဂိုးရှင် ကယ်လီက “ တစ်ဦးချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်။ ရိုးရိုးသားသား ပြောရရင် လုံးဝအံ့သြဖို့ ကောင်းပါတယ်။ ဒါတွေက အိမ်မက်ကနေ ဖြစ်လာခဲ့တဲ့ အရာတွေပါ။ ဒီမှာရှိနေပြီး အနိုင်ဂိုး သွင်းဖို့ဆိုတာ မယုံ နိုင်စရာပါပဲ။ ဒီမိန်းကလေးတွေနဲ့ နည်းပြက အလွန်ထူးခြားပါတယ်။ ဒါက အံ့သြစရာပါပဲ”လို့ ပြောခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ ဒီပြိုင်ပွဲမှာ ကစားခဲ့တဲ့ ၆ ပွဲစလုံး အနိုင်ရခဲ့ပြီး ၂၂ ဂိုးသွင်းယူကာ ၂ ဂိုးသာ ခွင့်ပြုခဲ့ရတာပါ။
နည်းပြ ဝီဂ်မန်းက “လျှို့ဝှက်ချက်တစ်ခုမှ မရှိပါဘူး။ အခု ယူရိုပြိုင်ပွဲမှာ အောင်ပွဲခံပြီး ဖြစ်တဲ့အတွက် နောက်ထပ် မျှော်လင့် ချက်တွေက ထပ်ပြီး တက်လာဦးမှာပါ။ အခု ပါတီပွဲ လုပ်ရပါမယ်။ အရှေ့မှာ သွားခဲ့တဲ့သူတွေက ဒီအသင်းအတွက် လမ်း ကြောင်း ဖန်တီးပေးခဲ့ပါတယ်။ ဒီအသင်းကလည်း နောက်လာမယ့် မျိုးဆက်တွေအတွက် လမ်းကြောင်းတစ်ခု ဖန်တီး ပေးမှာ ပါ”လို့ ပြောခဲ့ပါတယ်။
အင်္ဂလန်အတွက် ၆ ဂိုး သွင်းယူခဲ့ပြီး ဂိုးသွင်း အများဆုံး ကစားသမားဖြစ်ခဲ့တဲ့ မိဒ်ဟာ ၂၀၂၂ အမျိုးသမီးယူရိုပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။
Source: BBC
