CNI Fake/True News

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၄ ကျောင်းသူတွေရဲ့ ကျောင်းဝတ်စုံတွေကို ကျောင်းခြံဝန်းအသီးသီးမှာ ချိတ်ဆွဲပြီးတော့ ဆန္ဒထုတ်ဖော်ခဲ့သယောင်နဲ့ လူအများကို ထင်ယောင်ထင်မှားဖြစ်စေခဲ့တဲ့ သတင်းအမှားတစ်ပုဒ်ဟာ လူမှုကွန်ယက် စာမျက်မှာတွေ ဖြစ်ကြတဲ့ ဖေ့စ်ဘွတ်နဲ့ တွစ်တာတို့မှာ နိုဝင်ဘာလ ၃ ရက်နေ့ မနက်ပိုင်းက စတင်ပျံ့နှံ့ခဲ့ပါတယ်။ သတင်းအမှားဖြန့်ဝေတဲ့သူ ရေးသားထားတာကတော့ “ကျောင်းသူတွေ ကျောင်းဝတ်စုံအသီးသီးကို ချိတ်နဲ့ ချိတ်ပြီး ကျောင်းခြံဝန်းမှာ ထားပြီး အိမ်ပြန်သွားကြသည်” ဆိုပြီး နိုဝင်ဘာလ ၃ ရက်နေ့မှာ ဖြစ်ခဲ့တဲ့ ပုံစံမျိုးနဲ့ နွေဦးတော်လှန်ရေး ဆန္ဒပြပွဲဖြစ်စဉ်တုန်းက ပုံနှစ်ပုံကို သုံးပြီး သတင်းအမှားဖြန့်ဝေထားတာပဲ ဖြစ်ပါတယ်။