CNI Fake/True News

၂၀၂၁ ခုနှစ်၊နိုဝင်ဘာ ၁ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်ရာ နယ်စပ်ဂိတ်ပေါက်တစ်ခုဖြစ်တဲ့ ကြူကုတ်-ပန်ဆိုင်းရှိ ဝမ်တိန်ဂိတ်ကို ကုန်သွယ်ဖို့ ပြန်ဖွင့်ပေးတော့မယ်ဆိုတဲ့ သတင်းအမှားတစ်ခုက အခုရက်ပိုင်းအတွင်း ဖေ့စ်ဘုတ် လူမှုကွန်ယက် စာမျက်နှာမှာ ပျံ့နှံ့လျက်ရှိပါတယ်။ ဒီ သတင်းအမှား ဘယ်ကနေပျံ့နှံ့လာသလဲဆိုတာကို CNI သတင်းဌာနရဲ့ အချက်အလက်စစ်ဆေးသူတွေက စစ်ဆေးကြည့်တဲ့အခါမှာတော့ Neo Politics ဆိုတဲ့ပေ့ချ်ကနေတဆင့် NPnewsmm.com ဆိုတဲ့ ဝက်ဘ်ဆိုက်မှာ ဒီ အကြောင်းအရာနဲ့ ပတ်သက်ပြီး တင်ထားတာကို တွေ့ရပါတယ်။