CNI News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၀

လာအိုနိုင်ငံအလယ်ပိုင်းကို ဖြတ်ကျော်လာသည့် မုန်တိုင်းငယ်သည် မြန်မာနိုင်ငံသို့ဖြတ်သန်းလာပြီး ရေကြီးမြေပြိုမှုများ ဖြစ်နိုင်သေး၍ သတိထားကြရန် မိုးဇ/လက စက်တင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ မုန်တိုင်းငယ်ကြောင့် စက်တင်ဘာ ၂၀ ရက်မှ ၂၅ ရက်အထိ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည် နယ်၊ ကယားပြည်နယ်တို့တွင် မိုးထစ်ချူန်း ရွာသွန်းနိုင် သည်။

ထို့နောက် ရှမ်းပြည်နယ်တောင်ပိုင်း၊ မန္တလေး တိုင်းဒေသကြီးတို့တွင် မိုးထစ်ချူန်းရွာနိုင်ပြီ နေရာကွပ်ပြီး မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ် ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးဇ/လက ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊ ရေလျှပ်တစ်ပြက် ရေကြီးခြင်း၊ မြေပြိုခြင်းတို့ ဖြစ်နိုင်သည့်အတွက် သတိထားကြရန် မိုးဇ/လက ထုတ်ပြန်ခဲ့သည်။