CNI International News

ကိယက်ဗ်မတ်လ ၈

စစ်ပွဲ ၁၃ ရက်မြောက်နေ့အထိ ဖြစ်ပွားနေသည့်တိုင်အောင် ယူကရိန်းနိုင်ငံအပေါ် ‘မပျံသန်းရဇုန်’ သတ်မှတ်ရန် ဆုံးဖြတ်ချက် မချဘဲနေသည့် အနောက်နိုင်ငံများကို ယူကရိန်းသမ္မတ ဇာလန်းစကီးက အပြစ်တင်ခဲ့ကြောင်း indiatoday.in သတင်းဌာနမှ  မတ်လ ၈ ရက်၊ ညနေပိုင်း၌ ဖော်ပြခဲ့သည်။

“အနောက်နိုင်ငံတွေက ၁၃ ရက်မြောက်နေ့အထိ ယူကရိန်းအပေါ် မပျံသန်းရဇုန်ကို ပြဋ္ဌာန်းဖို့ ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ မချနိုင်သေးပါဘူး။ သူတို့လုပ်နိုင်ပေမယ့်လည်း မြို့တွေတစ်ဝိုက်မှာ ပိတ်ဆို့ထားတာတွေကို ရုတ်သိမ်းဖို့တောင် မကူညီကြ ဘူး” ဟု ၎င်းက Nexta TV ထုတ်လွှင့်ချက်၌ အပြစ်တင် ဝေဖန်ခဲ့သည်။

ထို့ပြင် ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေသည့် ၁၃ ရက်အတွင်း ရုရှားဘက်မှ ပြီးခဲ့သည့် အနှစ် ၃၀ ကထက် လေယာဉ်များ အတော်အတန်ဆုံးရှုံးခဲ့ခြင်း မရှိကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ရုရှားတိုက်ခိုက်မှု ယူကရိန်းနိုင်ငံတွင် ပျက်စီးနေမှု(AFP)

“ယူကရိန်းမှာ ၁၃ ကြာ တိုက်ပွဲဖြစ်တယ်။ ဆန်မီမြို့ကို လေကြောင်းကနေ ဗုံးတွေ ထိတယ်။ မာရီယူပေါလ်မြို့မှာ ကလေး တစ်ယောက်သေခဲ့တယ်” ဟု ဇာလန်းစကီးက ထပ်လောင်းပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပဲ ရုရှား၏ ယူကရိန်းကျူးကျော်မှုကြောင့် တတိယကမ္ဘာစစ် အစပျိုးလာမည့် အလားအလာစိုးရိမ်မှု တိုးလာနေသည်။ ထိုစိုးရိမ်မှုကို ဇာလန်းစကီး၏ လေယာဉ်မပျံသန်းရဇုန် ကြေညာပေးရေး တောင်းဆိုမှုက ဖြေလျော့ပေးနိုင်စရာ ရှိသည်။

ယူကရိန်းဝေဟင်ပိုင်နက်ကို မပျံသန်းရဇုန်အဖြစ် ကြေညာရန် ၎င်း၏တောင်းဆိုမှုကို အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က ပယ်ချခဲ့ခြင်း ဖြစ်ဟန်တူကြောင်း သုံးသပ်နေကြသည်။

Source: indiatoday.in