CNI Sport News
၂၀၂၂ ခုနှစ်၊ မတ်လ ၉
ရုရှား-ယူကရိန်းအရေးဖြစ်ပွားနေချိန်မှာပဲ တရုတ်နည်းပညာကုမ္ပဏီက ရုရှားကို ကူညီနေတယ်လို့ သတင်းထွက်လာခဲ့အတွက် ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ ဟွာဝေးနဲ့ ချုပ်ဆိုထားတဲ့ စပွန်စာစာချုပ်ကို ဖျက်သိမ်းလိုက်ပါတယ်။
ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ ဟတ်ကာတွေရဲ့ တိုက်ခိုက်ခြင်းကို ခံရပြီးနောက် ဟွာဝေးဟာ ရုရှားရဲ့အင်တာနက် ကွန်ရက်ကို တည်ငြိမ်စေဖို့ ပူတင်ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ကူညီပေးနေတယ်လို့ တရုတ်နိုင်ငံက သတင်းတွေမှာ ဖော်ပြထားပါ တယ်။
ရုရှားမှာရှိတဲ့ နည်းပညာကျွမ်းကျင်သူ ၅၀၀၀၀ ကို လေ့ကျင့်ပေးဖို့ ဟွာဝေးဟာ သူ့ရဲ့ သုတေသန စင်တာတွေကို အသုံးပြုမှာ ဖြစ်တယ်လို့ တရုတ်သတင်း ဝက်ဘ်ဆိုဒ်တစ်ခုမှာ ဖော်ပြထားပါတယ်။
နောက်ပိုင်းမှာ အဆိုပါသတင်းကို ပြန်ဖြုတ်ချခဲ့တာပါ။ ဟွာဝေးကတော့ ဒါနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုခဲ့တာကို တုံ့ပြန်ခြင်းမရှိခဲ့ပါဘူး။
အခုအချိန်မှာတော့ လီဝန်ဒေါစကီးဟာ ပိုလန်မှာရှိတဲ့ ဟွာဝေးရဲ့ ဒေသတွင်း သံတမန်အဖြစ်ကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့ တာပါ။
လီဝန်ဒေါစကီးကိုတွေ့ရစဉ်(The Mirror)
ဟာဝေးက လီဝန်ဒေါစကီးနဲ့ လက်တွဲမှု အဆုံးသတ်လိုက်ရတဲ့အတွက် ဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဒီစပွန်ဆာ စာချုပ်ကို ဖျက်သိမ်းပစ်တာဟာ ဟွာဝေးထက် လီဝန်ဒေါစကီးရဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ကစားသမားရဲ့ အေးဂျင့်က ပြောပါတယ်။
လီဝန်ဒေါစကီးရဲ့ အေးဂျင့် ဇာဝီဆလက်ခ်က “လီဝန်ဒေါစကီးနဲ့ ဟွာဝေး အမှတ်တံဆိပ်တို့ကြား စျေးကွက်ရှာဖွေရေး ပူးပေါင်း ဆောင်ရွက်မှုကို အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါကြောင့် ကျနော်တို့ဘက်က ပေးထားတဲ့ ဝန်ဆောင်မှုအားလုံး အကောင်အထည်ဖော်ခြင်းကို ရပ်တန့်လိုက်ပါပြီ”လို့ ပြောခဲ့ပါတယ်။
လီဝန်ဒေါစကီးဟာ ရုရှားသမ္မတ ပူတင်ရဲ့ ဆုံးဖြတ်ချက်တွေကြောင့် ရုရှားနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ကစားမှာမဟုတ်ဘူးလို့ လည်း ပြောထားပါတယ်။
အခုဆိုရင် ဖီဖာနဲ့ ယူအီးအက်ဖ်အေကလည်း ရုရှားကို ပြိုင်ပွဲယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားခဲ့တာပါ။
ပိုလန်က ရုရှားနဲ့ ကစားမှာ မဟုတ်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကို လီဝန်ဒေါစကီးက “ဒါဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါပဲ။ ယူကရိန်းမှာ လက်နက်ကိုင် တိုက်ခိုက်မှုတွေ ဖြစ်နေချိန်မှာ ရုရှားနဲ့ ပွဲကစားဖို့ တွေးလို့တောင် မရဘူး”လို့ သူ့ရဲ့ တွစ်တာမှာ ရေးသားထားခဲ့တာ ဖြစ်ပါ တယ်။
Source: Daily Mail