CNI International News
ကိယက်ဗ်၊ မတ်လ ၈
ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇာလန်းစကီးနှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့အကြား လူချင်း တိုက်ရိုက် တွေ့ဆုံဆွေးနွေးရန် ယူကရိန်းဘက်မှ လိုလားနေကြောင်း၊ အကြောင်းမှာ ပူတင် စေခိုင်းထားသည့် လုပ်ကြံ သတ်ဖြတ်မည့်အစီအစဉ်ကို ကိယက်ဗ်အစိုးရ သိရှိနေ၍ဖြစ်ကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရို ကူလီဗာက မတ်လ ၇ ရက်၌ ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းအရ သိရသည်။
“အထူးသဖြင့် အခုအချိန်မှာ နောက်ဆုံးဆုံးဖြတ်ချက်ချတဲ့လူတွေပဲ တွေ့ဆုံဖို့လိုတယ်ဆိုတာ အားလုံးနားလည်တဲ့ အတွက် ကျနော်တို့ ယူကရိန်းသမ္မတနဲ့ ဗလာဒီမာပူတင်တို့ တိုက်ရိုက်စကားပြောတာကို ကျနော်တို့ လိုချင်ခဲ့တာ ကြာပါပြီ” ဟု ဒီမီထရိုကူလီဗာက ရုပ်သံတိုက်ရိုက်ထုတ်လွှင့်မှုတွင် ပြောကြားခဲ့သည်။
“ပူတင်နဲ့ တိုက်ရိုက်တွေ့ဆုံမှုအပါအဝင် ကျနော်တို့သမ္မတဟာ ဘာကိုမှ မကြောက်ပါဘူး။ ပူတင်လည်း မကြောက် ရင် ဒီအစည်းအဝေးမှာ လာထိုင်ပြီး စကားပြောပါ” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ဇာလန်းစကီးကို လုပ်ကြံသတ်ဖြတ်ရန် မော်စကိုဘက်မှ စီစဉ်သည်ဟူသော သတင်းများသည် ယခင်သီတင်းပတ် က ထွက်ပေါ်ခဲ့ဖူးသည်။
လက်ရှိအခြေအနေတွင် တိုက်ပွဲများ အရှိန်တက်နေချိန်၌ ယူကရိန်းနှင့်ရုရှားတို့အကြား ဆွေးနွေးမှုမှာ မတ်လ ၇ ရက် တတိယအကြိမ်အထိ ရှိပြီဟု သိရသည်။
ယူကရိန်းပြည်တွင်း၌ အကန့်အသတ်ဖြင့် အပစ်အခတ်ရပ်စဲရေးနှင့် လူသားချင်းစာနာမှု စင်္ကြန်များ ဖွင့်ပေးရေး တို့ကိုလည်း ရုရှားက လတ်တလော သဘောတူထားသည်။
Source: Reuters