CNI Sport News
၂၀၂၂ ခုနှစ်၊ မတ်လ ၂
ယူကရိန်းကို ရုရှားက ဝင်ရောက် တိုက်ခိုက်မှုတွေကြောင့် ဖြစ်ပွားနေတဲ့စစ်ပွဲအတွင်းမှာ ယူကရိန်းဘောလုံးသမား (၂)ဦး သေဆုံးသွားတယ်လို့ နိုင်ငံတကာပရော်ဖက်ရှင်နယ် ကစားသမားများအဖွဲ့ချုပ်(FIFPRO)က ထုတ်ပြန်ခဲ့တာကို မေရာ သတင်းက ဖော်ပြခဲ့ပါတယ်။
သေဆုံးသွားခဲ့တဲ့ ယူကရိန်းကစားသမား (၂)ဦးကတော့ အသက်(၂၁)နှစ်အရွယ်ရှိ ဆာပိုင်လိုနဲ့ အသက်(၂၅)နှစ်အရွယ်ရှိ ဒီမိုင်ထရိုတို့ဖြစ်ပါတယ်။
အသက်(၂၁)နှစ်အရွယ်ရှိ ဆာပိုင်လိုဟာ ဒုတိယတန်းကလပ် ကာပါတီအယ်လ်ဗစ် အသင်းရဲ့ လူငယ်ကစားသမား ဖြစ်ပါ တယ်။ ဆာပိုင်လိုဟာ တင့်ကားတပ်မှူးအဖြစ် တပ်ဖွဲ့ထဲ ဝင်ရောက်ပြီးနောက် ကိယက်ဗ်မြို့အနီး တိုက်ပွဲမှာ သေဆုံးသွားခဲ့ တာပါ။
ဒေသတွင်းကလပ် ဂိုလ်စတိုမန်အသင်းရဲ့ အပျော်တမ်းကစားသမား ဒီမိုင်ထရိုကတော့ ယူကရိန်းမြို့တော်အနီးရှိ သူတို့နေ ထိုင်ရာ အဆောက်အဦးကို ရုရှားတပ်ဖွဲ့က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မိခင်နဲ့အတူ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
FIFPRO ကတော့ သူတို့(၂)ဦးဟာ ဒီစစ်ပွဲအတွင်းမှာ ဘောလုံးသမားတွေထဲက ပထမဆုံး ဆုံးရှုံးမှုဖြစ်ခဲ့ပြီး သူတို့ရဲ့ မိသားစု တွေ၊ မိတ်ဆွေတွေ၊ အသင်းဖော်တွေနဲ့ အတူ ရှိနေတယ်လို့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ကာပါတီအယ်လ်ဗစ် အသင်းက လည်း ဆာပိုင်လိုဟာ သူရဲကောင်းအဖြစ် အမြဲတမ်းရှိနေမယ်လို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
Source: Mirror