CNI International News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈

ယူကရိန်းနိုင်ငံသည် ဥရောပသမဂ္ဂ(EU)အဖွဲ့ဝင်အဖြစ် ပါဝင်လိုကြောင်း လျှောက်ထားခြင်းစာချုပ်ကို ယနေ့(ဖေဖော်ဝါရီ ၂၈ ရက်)တွင် ယူကရိန်းသမ္မတ ဇာလန်းစကီးက သဘောတူ လက်မှတ်ရေးထိုးခဲ့သည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်ကို ယူကရိန်းသမ္မတ ဇာလန်းစကီး၏ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ကနေ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။