CNI International News

မော်စကို ဖေဖော်ဝါရီ ၂၈

ယူကရိန်းနှင့် ဆွေးနွေးရာတွင် နှစ်ဘက်စလုံး၏ အကျိုးစီးပွားအတွက် သဘောတူညီချက် တစ်ခုရဖို့ ရုရှားစိတ်ဝင်စားနေ ကြောင်း ရုရှားစေ့စပ်ညှိနှိုင်းရေးမှူး ဗလာဒီမာမက်ဒင်စကီးက ဖေဖော်ဝါရီ ၂၈ ရက် (ယနေ့) ပြောကြားခဲ့ကြောင်း ရိုက်တာ သတင်းအရ သိရသည်။

ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၈ ရက်၊ ဒေသစံတော်ချိန် မွန်းတည့် ၁၂ နာရီစတင်မည်ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ယူကရိန်းနဲ့ ရုရှား တွေ့ဆုံဆွေးနွေးမည့် ပြင်ဆင်မှု(TASS)

ရုရှား၏ နိုင်ငံရေးနှင့်စီးပွားရေး အထီးကျန်မှုသည် ဖေဖော်ဝါရီ ၂၈ ရက်တွင် ပိုမိုသိသာလာခဲ့ပြီး ၎င်းတပ်ဖွဲ့များ၏ ထိုးစစ်ကို ကိယက်ဗ်မြို့တော်နှင့် အခြားမြို့များ၌ အပြင်းအထန် ခုခံနေကြသဖြင့် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပတွင် အကြီးမား ဆုံး တိုက်ခိုက်မှုတစ်ခုအဖြစ် ကမ္ဘာက အာရုံစိုက်နေသည်။

ယူကရိန်းနှင့် ရုရှားသည် ဘယ်လာရုစ်နိုင်ငံ၊ ပါရီရာမြစ်အနီး နှစ်ဖက်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးရန် သဘောတူညီ ထားသည်။

Source: Reuters