အဆိုပါ ထုတ်ပြန်ချက်တွင် KNDF ကို ဖွဲ့စည်းပြီး ကရင်နီပြည်(ကယားပြည်)နှင့် မြန်မာနိုင်ငံလူထုလိုလားသော ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် တိုက်ပွဲဝင်သွားရန် ဆုံးဖြတ်လုပ်ဆောင်ထုတ်ပြန်ခဲ့ပြီး ဖြစ် သည်ဟု ဆိုထားသည်။ လက်ရှိ ကရင်နီပြည်တွင် KNDF နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများကြောင့် မြို့ရွာများစွာ ထိခိုက်ပျက် စီးသည့်အပြင် စစ်ဘေးရှောင် ပြည်သူ (၁)သိန်းကျော်ဖြစ်နေပါကြောင်း၊ ထိုအခြေအနေ အရပ်ရပ်ကြောင့် ဒေသ တွင်းရှိ ငြိမ်းချမ်းရေးအဖွဲ့အစည်းများနှင့် ဘာသာရေး ခေါင်းဆောင်များမှ နှစ်ဖက် တိုက်ပွဲများ ယာယီရပ်ဆိုင်း ထား စေလိုပါသည်ဟုလည်း ထုတ်ပြန်ချက်မှာ ဆိုထားသည်။ KNDF က“ KNDF တပ်ဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေးအဖွဲ့အစည်းများနှင့် ဘာသာရေး ခေါင်းဆောင်များမှ နှစ်ဖက် တိုက်ပွဲ များ ယာယီရပ်ဆိုင်းထားရန် စီစဉ်ဆောင်ရွက်မှုကို လက်သင့်ခံ၍ ထိုးစစ်များကို ယာယီရပ်ဆိုင်း ထားမည်”ဟု ထုတ်ပြန်ချက်တွင် ပြောထားသည်။ ထို့နောက် KNDF တပ်ဖွဲ့များအနေဖြင့် အာဏာသိမ်းသည့် စစ်ကောင်စီအား ဆန့်ကျင်တော်လှန်မှုများကို နည်းမျိုးစုံဖြင့် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ KNDF တပ်ဖွဲ့မှ ပြည်သူများအား စည်းလုံး ညီညွတ်မှု၊ ပြင်ဆင်မှုနှင့် လုံခြုံရေးသတိ ရှိကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်ဟုလည်း ဆိုထားသည်။ တပ်မတော်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က နိုင်ငံတော်အာဏာကို ရယူလိုက်ခြင်းကြောင့် နိုင်ငံ တစ်ဝန်း ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ကာ ကယားပြည်နယ်အတွင်းမှာလည်း ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။ အဆိုပါ ဆန္ဒပြမှုများတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် အဓိကရုဏ်းများဖြစ်ကာ ဖမ်းဆီးခံရခြင်း၊ ရိုက်နှက်ခံရခြင်း များကြောင့် ဒေသခံလူထုက လက်နက်ကိုင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာမှာ နစက လက်အောက်ခံ တပ်ဖွဲ့ဝင် များဖြင့် KNDF ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ကြသည်။ KNDF ကို ကယားပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှာ ဖွဲ့စည်းထားသော ပြည်သူ့ကာကွယ်ရေးတပ် (PDF)များကို စုစည်း၍ ၂၀၂၁ ခုနှစ်၊ မေလ ၃၁ ရက်နေ့က ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲများ ယာယီရပ်ဆိုင်းကြောင်း KNDF ကြေညာ
- By CNI
- Category: နိုင်ငံရေး
- Hits: 416