CNI International News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၄

ကရင်မလင်သမ္မတနန်းတော်က အရန်တပ်ဖွဲ့အင်အားများထဲကနေ ရုရှားတပ်တော်အတွက် တာဝန် ထမ်းဆောင်ရန် အမိန့်ထုတ်ပြန်ခဲ့ခြင်းကြောင့် စစ်မှုမထမ်းလိုသော ရုရှားနိုင်ငံသားများသည် အစုလိုက် အပြုံလိုက် နိုင်ငံအတွင်းကနေ ထွက်လာနေကြကြောင်း အေပီသတင်းက ဖော်ပြထားသည်။

ရုရှားနိုင်ငံသားများသည် စက်တင်ဘာ ၂၃ ရက်နေ့က ဂျော်ဂျီယာနယ်စပ်သို့ မော်တော်ယာဉ်များဖြင့် ထွက်ခွာလာကြသည်။ အဆိုပါ ဂျော်ဂျီယာနယ်စပ်သို့ ဦးတည်၍ ထွက်လာသော ရုရှားနိုင်ငံသားများ၏ ယာဉ်တန်းသည် လမ်းပေါ်တွင် ၁၀ ကီလိုမီတာ(၆ မိုင်)ထိ ရှည်လျားစွာ တန်းစီနေသည်ကိုတွေ့ရသည်။

စစ်မှုမထမ်းလို၍ နိုင်ငံက ထွက်ခွာဖို့ လုပ်နေသော ရုရှားနိုင်ငံသားများ(AP)

ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ယူကရိန်းစစ်ပွဲအတွင်း ရုရှားစစ်သားများအဖြစ် အမှုထမ်းရန် ပြီးခဲ့သည့် ရက်ပိုင်းက အမိန့်ထုတ်ခဲ့သည်။

ထို့နောက် စစ်မှုမထမ်းလိုသော ရုရှားနိုင်ငံသားများက ဂျော်ဂျီယာနယ်စပ်သို့ ထွက်ခွာနေကြခြင်းဖြစ်သည်။

အဆိုပါ အခြေအနေများကြောင့် ကရင်မလင်သမ္မတနန်းတော်က ဂျာနယ်လစ်များ၊ ဘဏ်လုပ်ငန်းရှင်များ၊ အိုင်တီနည်းပညာရှင်များကိုတော့ စစ်မှုမထမ်းမနေရ ပြဋ္ဌာန်းချက်ကနေ ကင်းလွတ်ခွင့်ပြုကြောင်း ထုတ်ပြန်ခဲ့သည်။