CNI News

၂၀၂၂ ခုနှစ်၊ ဧပြီ ၁၃ 

ရှမ်းနီအမျိုးသားဒေသအတွင်း မှီတင်းနေထိုင်ကြသော ပြည်သူလူထုအပေါင်း၏ အကျိုးစီးပွားကို နှောင့်ယှက် ပျက်စီးသူများ ကို ထိရောက်စွာ တုံ့ပြန်အရေးယူသွားမည်ဟု ရှမ်းနီအမျိုးသားများတပ်မတော်(SNA)က ယနေ့(ဧပြီ ၁၃ ရက်)တွင် ထုတ် ပြန် ပြောကြားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ရှမ်းနီအမျိုးသားများ ဒေသအတွင်း၌ မှီတင်းနေထိုင်ကြသော ပြည်သူလူထု အပေါင်း၏ အကျိုး စီးပွားကို နှောင့်ယှက်ပျက်စီးစေမည့် လုပ်ရပ်များအား လုပ်ဆောင်သော မည်သည့် အဖွဲ့အစည်းကို မဆို ပြင်းထန်စွာ ရှုံ့ချ ကြောင်း ဖော်ပြထားသည်။

SNA က “အဆိုပါ ရှမ်းနီအမျိုးသားဒေသအတွင်းရှိ ပြည်သူလူထု၏ အကျိုးစီးပွားကို နှောင့်ယှက်ပျက်စီးရန် ဆောင်ရွက်သူ မှန်သမျှအား ရှမ်းနီအမျိုးသားများတပ်မတော်(SNA)မှ ထိရောက်စွာ တုံ့ပြန်အရေးယူသွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန် လိုက်သည်”ဟု ပြောသည်။

SNA သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ ဟုမ္မလင်းမြို့နယ်၊ ဖောင်းပြင်မြို့နယ်၊ ပင်လည်ဘူးမြို့နယ်၊ ဝန်းသို မြို့နယ်၊ ဗန်းမောက်မြို့နယ်နှင့် အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက် အပါအဝင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မိုးကောင်းမြို့နယ်တို့ တွင်  လှုပ်ရှားလျက်ရှိသည်။

ရှမ်းနီအမျိုးသားများတပ်မတော်(SNA)သည် စစ်ကိုင်းတိုင်းဒေသကြီးတွင် ပါဝင်နေသည့် မော်လိုက်ခရိုင်၊ ကလေးခရိုင်၊ ခန္တီး ခရိုင်၊ ကသာခရိုင်၊ တမူးခရိုင်နှင့် ကချင်ပြည်နယ်အတွင်း ပါဝင်နေသော ဗန်းမော်ခရိုင်၊ မြစ်ကြီးနားခရိုင်၊ မိုးညှင်းခရိုင်၊ မိုးကောင်းဒေသတို့ကို စုစည်း၍ ရှမ်းပြည်နယ် ပြန်လည်ရရှိရေး ကြိုးပမ်းနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ် သည်။