CNI News
၂၀၂၂ ခုနှစ်၊ဧပြီ ၁၃
 
မန္တလေးမြို့က သံဃသမဂ္ဂစစ်ကြောင်းသည် သင်္ကြန်အကြိုနေ့တွင် ဆွမ်းခံကြွသပိတ် ဆင်နွဲရင် ပြည်သူများ အောင်ပွဲဝင်မှ သင်္ကြန်ပျော်ကြရန် တိုက်တွန်းခဲ့သည်။
 
ယနေ့(ဧပြီ ၁၃ ရက်)တွင် ကျရောက်သည် သင်္ကြန်အကြိုနေ့တွင် သံဃသမဂ္ဂသပိတ်စစ်ကြောင်းက သင်္ကြန်တွင်း ဆွမ်းခံကြွ သပိတ်ကို ဆင်နွဲခဲ့ကြသည်။
 
မြန်မာတို့၏ ဓလေ့တွင် သင်္ကြန်တွင်းကာလ၌ ဘုန်းတော်ကြီးများ ဆွမ်းခံကြွလေ့မရှိဘဲ ဒါကာ ဒါယိကာမများက ဘုန်းတော်ကြီးကျောင်းများသို့ လာရောက် ဆွမ်းဆန်စိမ်း ကပ်လှူပူဇော်ခြင်းကိုသာ ခံကြသည်။
 
 
လက်ရှိတွင် တပ်မတော်က NLD အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွါးမှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ် ကြေညာထားသည်။
 
ထို့ကြောင့် တပ်မတော် ဆန့်ကျင်ရေးနှင့် ပြန်လည် ဖြုတ်ချရေး ဒီမိုကရေစီအင်အားစုများ အပါအဝင် ဒီမိုကရေစီလိုလာသူများက ကြိုးပမ်းလျက်ရှိသည်။
 
Photo- Simple Light