CNI NEWS

၂၀၂၁ ခုနှစ်၊ သြဂုတ် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ဗဟိုအကျဉ်းထောင် သီးသန့်ဆောင်တွင် ယနေ့ (သြဂုတ် ၁၂ ရက်) နံနက်ပိုင်း၌ ဗုံးပေါက်ကွဲခဲ့ကြောင်း လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားကြသည်။

အကျဉ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးချမ်းအေးကျော်က အင်းစိန်ဗဟိုအကျဉ်းထောင် သီးသန့်ဆောင် တွင် ဗုံးပေါက်ကွဲခဲ့ခြင်း မရှိဘူးဟု ဆိုသည်။

အကျဉ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးချမ်းအေးကျော်က“ဗုံးပေါက်ကွဲတာတွေ ဘာတွေက မဖြစ်ပါဘူး။ ရှိလည်း မရှိပါဘူး။ ပြီးတော့လည်း ဖြစ်စဉ်က ကျန်တာလည်း မရှိပါဘူး” ဟု ပြောသည်။

သြဂုတ် ၁၁ ရက်ညက နိုင်ငံပိုင်မီဒီယာမှ ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ ဥပဒေများအား ပိတ်သိမ်းခြင်းနှင့် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသူများ လွတ်မြောက်ခြင်းမရှိကြောင်း ကြေညာခဲ့သည်။

ထို့ကြောင့် အကျဉ်းကျနေသည့် အင်းစိန်ဗဟိုအကျဉ်းထောင်မှ အကျဉ်းသူ အိပ်ဆောင် အမှတ်(၇) ရှိ အမျိုးသမီး ၃၀ ခန့်က သွေးသစ္စာနှင့်၊ ကမ္ဘာမကြေသီချင်း သံပြိုင်သီဆိုဟစ်ကြွေးခဲ့သည့် ဖြစ်စဉ်သာ ဖြစ်ခဲ့ ကြောင်း သိရသည်။

အကျဉ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးချမ်းအေးကျော်က “ကျန်တာက သူတို့က တခြားတောင်း ဆိုတာလည်း မရှိဘူး။ အဓိကအကြောင်းရင်းကတော့ ကြားနာ စစ်ဆေးဆဲ ပြစ်မှုတွေကို အမှုပိတ်သိမ်းတဲ့ အချိန်မှာ သူတို့မပါတဲ့အတွက် ဒီလိုမျိုး ဟစ်ကြွေးခြင်း ဖြစ်တယ်လို့ပဲ ပြောပါ တယ်” ဟု ဆိုသည်။

အဆိုပါ ပြောကြားချက်နှင့်ပတ်သက်ပြီး နစက သတင်းမှန်ထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ခဲ့သည်။

#ဦးချမ်းအေးကျော်

#အကျဉ်းဦးစီးဌာန

#ဒုတိယညွှန်ကြားရေးမှူး

#အင်းစိန်ဗဟိုအကျဉ်းထောင်

#ဗုံးပေါက်ကွဲ

#လူမှုကွန်ရက်စာမျက်နှာ

#CNImyanmar

#cninews

#ChannelNewsIndependent