CNI International News
မင့်ခ်၊ မတ် ၁
နျူကလီးယား အဆင့်အတန်း သုံးစွဲမှုမပါဝင်သော ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လာရုစ်သည် ပြောင်းလဲပြင်ဆင်လိုက်သော ကြောင့် ဖေဖော်ဝါရီ ၂၇ ရက်တွင် အရှေ့ဥရောပ၌ နျူကလီးယားဆိုင်ရာ သဘောထားတင်းမာမှုများ မြင့်တက်လာခဲ့သည်ဟု Vice.com က ရေးသားဖော်ပြထားသည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်က ၎င်းပြည်တွင်း နျူကလီးယားအရေး တပ်လှန့်နှိုးဆော်ခဲ့သည့် နေ့မှာပင် ရုရှား၏မဟာမိတ် ဘယ်လာရုစ်နိုင်ငံကလည်း ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ အတည်ပြုမှုဖြင့် နျူကလီးယားလက်နက်လှုပ်ရှားမှု ပြုလုပ်လာခြင်း ဖြစ်သည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုအား တွေ့ရစဉ်(GETTY IMAGES)
အဆိုပါ ဘယ်လာရုစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်ကို မဲဆန္ဒရှင် ၆၅.၂ ရာခိုင်နှုန်းဖြင့် အတည်ပြုခဲ့ကြောင်း၊ ဘယ်လာရုစ်တွင် နျူကလီးယားလက်နက်များ တပ်ဆင်ထားရှိနိုင်ရေး ခွင့်ပြုလိုက်ကြောင်း ရုရှားမီဒီယာများ၏ အဆိုအရ သိရသည်။
၁၉၉၁ ခုနှစ်တွင် ဆိုဗီယက်ယူနီယံ ပြိုလဲပြီးနောက်ပိုင်း နျူကလီးယား လက်နက်ထားရှိရေးမှာ ဘယ်လာရုစ်နိုင်ငံအတွက် ယခု ပထမဆုံးအကြိမ်အဖြစ် စတင်လမ်းခင်းခဲ့ခြင်း ဖြစ်သည်။
Source: vice.com